စစ်ကောင်စီက နိုင်ငံရေးအကျဉ်းသားများကို ပြောင်ပြောင်တင်းတင်း သတ်ဖြတ်နေမှုအကြောင်း AAPP ထုတ်ပြန်

စစ်ကောင်စီက နိုင်ငံရေးအကျဉ်းသားများကို ပြောင်ပြောင်တင်းတင်း သတ်ဖြတ်နေမှုအကြောင်း AAPP ထုတ်ပြန်

အာဏာသိမ်း စစ်ကောင်စီက အကျဉ်းထောင်များမှ နိုင်ငံရေးအကျဉ်းသားများအား လက်လွတ်စပယ် ပြောင်ပြောင်တင်းတင်း သတ်ဖြတ်နေကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)က ဇူလိုင်လ ၁၀ ရက်နေ့ရက်စွဲနဲ့ ထုတ်ပြန်ကြေညာလိုက်ပါတယ်။

ယင်းလုပ်ရပ်တွေဟာ ပြည်တွင်း ဥပဒေများကိုသာမက နိုင်ငံတကာ ဥပဒေများကိုပါ ကျူးလွန်နေခြင်းမှာ အထင်အရှား ဖြစ်ကြောင်း၊ ကျုးလွန်မှုများကို ပြည်တွင်းတရားစီရင်ရေးကဏ္ဍအတွင်း ကိုင်တွယ်အရေး ယူနိုင်ခြင်း မရှိတဲ့ အတွက် နိုင်ငံတကာတရားစီရင်ရေး ယန္တရားများတွင် အရေးယူ နိုင်ရေး ဝိုင်းဝန်းကြိုးပမ်းပေးကြရန်လည်း AAPP က ဆိုထားပါတယ်။

မတရားညှဉ်းပန်းနှိပ်စက်မှုနဲ့ ဥပဒေမဲ့သတ်ဖြတ်ခြင်းတို့ဟာ ကြီးမားသောရာဇဝတ်မှုကို ကျူးလွန်လိုက်တဲ့ လုပ်ရပ်ဖြစ်ပြီး အာဆီယံ လူ့အခွင့် အရေး ပဋိညာဉ်ကိုလည်း ပြောင်ပြောင်တင်းတင်း ချိုးဖောက်လိုက်ခြင်းပင် ဖြစ်ကြောင်း  AAPP ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

နိုင်ငံရေး အကျဉ်းသားတွေကို အာဏာပိုင်တွေက အကျဉ်းထောင်တွေကနေ ပြင်ပခေါ်ထုတ်ပြီး နှိပ်စက်သတ်ဖြတ်မှုတွေ ကျူးလွန်နေတဲ့အပြင် သူတို့ကို ကူညီတဲ့ ထောင်ဝန်ထမ်းတွေကိုလည်း ဖမ်းဆီးစစ်ဆေးနေတယ်လို့ သိရပါတယ်။

နိုင်ငံရေးအကျဉ်းသားတွေကို အကြမ်းဖက်စစ်အုပ်စုက ထောင်ပြောင်းမယ်ဆိုကာ ခေါ်ထုတ်ပြီး စစ်ကြောသတ်ဖြတ်တာတွေ ဆက်တိုက်ဆိုသလို ဖြစ်ပွားနေပြီး ၃၇ ယောက်ကတော့ ပျောက်ဆုံးနေတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) က ပြောပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly