စစ်ကောင်စီနှင့်  EAO (၅)ဖွဲ့ (၃)ရက်ကြာ ဆွေးနွေးပွဲအတွင်း ငြိမ်းချမ်းရေးညီလာခံ ကျင်းပရန်အပါအဝင် သဘောတူညီမှုများရရှိခဲ့ဟုဆို

စစ်ကောင်စီနှင့်  EAO (၅)ဖွဲ့ (၃)ရက်ကြာ ဆွေးနွေးပွဲအတွင်း ငြိမ်းချမ်းရေးညီလာခံ ကျင်းပရန်အပါအဝင် သဘောတူညီမှုများရရှိခဲ့ဟုဆို

စစ်ကောင်စီ၏ အမျိုးသား စည်းလုံး ညီညွတ်ရေး နှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု ညှိနှိုင်းရေး ကော်မတီ NSPNC နှင့် EAO (၅)ဖွဲ့၏ (၃)ရက်ကြာ ဆွေးနွေးပွဲအတွင်းမှ ငြိမ်းချမ်းရေးညီလာခံ ကျင်းပရန်အပါအဝင် သဘောတူညီမှုများရရှိခဲ့ကြောင်း သိရသည်။

ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)၊ ဒီမိုကရေစီ အကျိုးပြု ကရင့် တပ်မတော် (DKBA)၊ ကရင် အမျိုးသားအစည်းအရုံး/ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် ငြိမ်းချမ်းရေးကောင်စီ (KNU/ KNLA-PC) ၊ လားဟူဒီမိုကရက်တစ် အစည်းအရုံး (LDU)၊ ပအိုဝ်း အမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO)  စတဲ့ လက်နက်ကိုင်(၅)ဖွဲ့မှ ကိုယ်စားလှယ်များသည် စစ်ကောင်စီ၏ NSPNC မှ ကိုယ်စားလှယ်များနှင့် ဇွန်လ ၂၆ ရက်မှ စတင်ကာ (၃)ရက်ကြာ နေပြည်တော်၌ တွေ့ဆုံဆွေးနွေးခဲ့ခြင်းဖြစ်သည်။

PPST အဖွဲ့တွင် ယခင်က NCA လက်မှတ်ထိုးထားသည့် EAO အဖွဲ့ ၁၀ဖွဲ့ ရှိခဲ့သော်လည်း ယခုအခါ ၇ဖွဲ့ သာကျန်ရှိသည်။  ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ RCSS နှင့် မွန်ပြည်သစ်ပါတီ NMSP တို့က ယခုကျင်းပခဲ့သည့် နေပြည်တော်ဆွေးနွေးပွဲကို တက်ရောက်ခြင်း မရှိခဲ့ပေ။

(၃)ရက်ကြာဆွေးနွေးပွဲအတွင်း NSPNC နှင့် EAO (၅)ဖွဲ့အကြား၌ မူပိုင်းဆိုင်ရာသဘောတူချက်(၄)ချက်ကို လက်မှတ်ရေးထိုးနိုင်ခဲ့ကြောင်း နှင့် လုပ်ငန်းပိုင်းဆိုင်ရာသဘောတူညီချက်(၅)ချက်ကိုလည်း လက် မှတ်ရေးထိုးနိုင်ခဲ့ကြောင်း၊၎င်းဆွေးနွေးပွဲအတွင်း NSPNC ဘက်က ပြင်ဆင်ထားသည့် ဖွဲ့စည်းပုံအခြေခံဥပဒေမှ ပြင်ဆင်လိုသောအချက်များ၊ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကျင်းပနိုင်ရေးကိစ္စများကို ထည့်သွင်းဆွေးနွေးခဲ့ကြောင်း EAO များဘက်က ထုတ်ပြန်ထားသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly