အာဏာသိမ်းပြီးနောက် မြန်မာမှာ လူကုန်ကူးမှု အဆိုးရွားဆုံးဖြစ်နေ

အာဏာသိမ်းပြီးနောက် မြန်မာမှာ လူကုန်ကူးမှု အဆိုးရွားဆုံးဖြစ်နေ

ကမ္ဘာတဝန်း လူကုန်ကူးခံရမှုတွေဟာ မနှစ်ကထက် ပိုတိုးလာတာ တွေ့ရပြီး မြန်မာနိုင်ငံကတော့ လူကုန်ကူးမှုတိုက်ဖျက်ရေးမှာ ပူးပေါင်းဆောင်ရွက်မှုမရတဲ့အပြင် တိုက်ဖျက်ဖို့ သိသာထင်ရှားတဲ့ အားထုတ်မှုမရှိတဲ့ အဆိုးဆုံး နိုင်ငံတွေကို သတ်မှတ်တဲ့ အဆင့် ၃ (TIER 3) မှာ ဆက်ရှိနေပါတယ်။ 

အမေရိကန်ပြည်ထောင်စု အပါအဝင် နိုင်ငံနဲ့နယ်မြေဒေသပေါင်း ၁၈၈ ခုက လူကုန်ကူးမှု အခြေအနေတွေကို ဆန်းစစ်လေ့လာထားတဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ဒီနှစ် လူကုန်ကူးမှုဆိုင်ရာအစီရင်ခံစာမှာ ၂၄ နိုင်ငံက လူကုန်ကူးမှု တားဆီးရေးအဆင့် တက်လာခဲ့ပြီး နိုင်ငံ ၂၀ ကတော့ အဆင့်ကျသွားတယ်လို့ လူကုန်ကူးမှု တိုက်ဖျက်ရေးဆိုင်ရာ အမေရိကန်သံအမတ်ကြီး Dyer က ပြောပါတယ်။

လူကုန်ကူးမှု တိုက်ဖျက်ရေးအတွက် အနိမ့်ဆုံးစံနှုန်းတွေကို လိုက်နာဖို့ပျက်ကွက်တဲ့ အဆင့် ၃ သတ်မှတ်ချက်ထဲ မြန်မာနဲ့အတူ ကမ္ဘောဒီးယား၊ တရုတ်၊ မြောက်ကိုရီးယား၊ အီရန်၊ ဆီးရီးယား စတဲ့နိုင်ငံတွေ ပါဝင်ပါတယ်။ 

အမေရိကန် နိုင်ငံခြားရေး ဌာနရဲ့ ဒီနှစ် ၂၀၂၃ ခုနှစ် လူကုန်ကူးမှုဆိုင်ရာ နှစ်ပတ်လည် အစီရင်ခံစာ တွေ့ရှိချက်တွေနဲ့ ပတ်သက်လို့ နိုင်ငံခြားရေးဌာနက လုပ်တဲ့ အွန်လိုင်း ဆွေးနွေးပွဲမှာ မြန်မာအပါအဝင် အာရှ ပစိဖိတ်ဒေသက လူကုန်ကူးမှု အခြေအနေတွေကို အဓိက ပြောသွားခဲ့တာပါ။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly