စစ်ကောင်စီကို ပိတ်ဆို့ဖိအားပေးမှုများ လုပ်ဆောင်ရန် အိန္ဒိယကို CRPH တိုက်တွန်း

စစ်ကောင်စီကို ပိတ်ဆို့ဖိအားပေးမှုများ လုပ်ဆောင်ရန် အိန္ဒိယကို CRPH တိုက်တွန်း

တရားမဝင်စစ်ကောင်စီကို အမေရိကန်နဲ့အတူ အဖက်ဖက်မှ ပိတ်ဆို့ဖိအားပေးမှုများ လုပ်ဆောင်ရန် အိန္ဒိယအစိုးရကို ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH က တိုက်တွန်းလိုက်ပါတယ်။

အိန္ဒိယဝန်ကြီးချုပ် နရန်ဒြာ မိုဒီနဲ့ အမေရိကန်သမ္မတဂျိုးဘိုင်ဒန်တို့ အမေရိကန်ပြည်ထောင်စုမှာ တွေ့ဆုံခဲ့ပြီးတဲ့နောက် မြန်မာပြည်တွင်းက ယိုယွင်းနေတဲ့အခြေအနေတွေကို စိုးရိမ်ကြောင်းပြောထားတဲ့နှစ်နိုင်ငံခေါင်းဆောင် တွေရဲ့ကြေညာချက်ကို ကြိုဆိုရင်း CRPH က အခုလို တိုက်တွန်းလိုက်တာပါ။

မြန်မာ့အိမ်နီးချင်း အိန္ဒိယဟာ ယခုလက်ရှိမှာ စစ်အာဏာရှင်စနစ်ဆိုးအောက်မှ လွတ်မြောက်ရေးနဲ့ ဒီမိုကရေစီအရေးအတွက် ကြိုးပမ်းနေကြတဲ့ မြန်မာပြည်သူများရဲ့ ရုန်းကန်မှုကို စာနာကူညီသောအားဖြင့် အကြမ်းဖက်တရားမဝင် စစ်ကောင်စီနဲ့ စီးပွားရေး၊ သံတမန်ရေး၊ စစ်ရေး ပူးပေါင်းဆောင်ရွက်နေတာတွေကို ရပ်တန့်ပြီး ပိတ်ဆို့အရေးယူတာတွေ တိုးမြှင့်လုပ်ဆောင်ပေးဖို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH)က အိန္ဒိယနိုင်ငံကို ဇွန် ၂၈ ရက်နေ့က တောင်းဆိုလိုက်တာဖြစ်ပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly