အိန္ဒိယမှတဆင့် မြန်မာကိုလက်နက်တင်ပို့မှု စုံစမ်းစစ်ဆေးဖို့ လှုပ်ရှားသူတွေတောင်းဆို

အိန္ဒိယမှတဆင့် မြန်မာကိုလက်နက်တင်ပို့မှု စုံစမ်းစစ်ဆေးဖို့ လှုပ်ရှားသူတွေတောင်းဆို

အိမ်နီးနားချင်း အိန္ဒိယနိုင်ငံက လွန်ခဲ့တဲ့ ခြောက်လအတွင်း စစ်ကောင်စီထံ အမေရိကန်ဒေါ်လာ ၅ သန်းဖိုးရှိ လက်နက်ခဲယမ်းများ တင်ပို့ခဲ့ကြောင်း မြန်မာစစ်တပ်ရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုများအကြောင်း ဖော်ထုတ်နေသည့် Justice For Myanmar (JFM) က  (ဇွန် ၂၁) ထုတ်ပြန်လိုက်ပါတယ်။

မြန်မာစစ်တပ်ကို အိန္ဒိယက လက်နက်တွေ လတ်တလော ရောင်းချနေတဲ့အပေါ် ဆွီဒင်အစိုးက ဟန့်တားပေးဖို့နဲ့ ဆွီဒင်ကုမ္ပဏီတွေ ဒီဇိုင်းလုပ် ထုတ်လုပ်တဲ့ လက်နက်တွေ အိန္ဒိယကတဆင့် မြန်မာစစ်တပ်လက်ထဲ မရောက်အောင် စုံစမ်းစစ်ဆေး တားမြစ်ဖို့ မြန်မာ့အရေး ဆောင်ရွက်နေတဲ့ Justice for Myanmar အဖွဲ့က ဆွီဒင်အစိုးရကို တောင်းဆိုလိုက်ပါတယ်။ 

ကုန်သွယ်ရေးအချက်အလက်များအရ အိန္ဒိယနိုင်ငံပိုင် Bharat Electronics Limited (BEL) ကုမ္ပဏီက ၂၀၂၂ နိုဝင်ဘာလမှ ယခုနှစ် ဧပြီလအထိ ခြောက်လတာအတွင်း စစ်ဘက်သုံးနည်းပညာနဲ့ ဆက်စပ်ပစ္စည်းများ အပါအဝင် မြန်မာရေတပ်မှ ရေငုပ်သင်္ဘော၊ ဖရီးဂိတ် (ကိုယ်ပျောက်စစ်ရေယာဉ်) စစ်သင်္ဘောများအတွက် အထောက်အကူပြု စာရွက်စာတမ်းများ ပေးပို့ခဲ့ခြင်းဖြစ်ပါတယ်။

ဆွီဒင် ဒီဇိုင်းထုတ် ဖန်တီးတဲ့ လက်နက်နဲ့ စစ်ပစ္စည်းတချို့ အိန္ဒိယက တဆင့် မြန်မာနိုင်ငံထဲ ရောင်းချတာတွေ ရှိနေတာကို Justice for Myanmar အဖွဲ့က စုံစမ်းသိထားတဲ့အကြောင်းနဲ့ ဒါကို ဟန့်တားဖို့ ကြေညာချက် ထုတ်ပြန် တောင်းဆိုလိုက်တာပါ။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly