ပဋိပက္ခဒဏ်ကို ခံစားရတဲ့ ကလေးသူငယ်အရေအတွက် ပိုများလာနေကြောင်း ကုလထုတ်ပြန်

ပဋိပက္ခဒဏ်ကို ခံစားရတဲ့ ကလေးသူငယ်အရေအတွက် ပိုများလာနေကြောင်း ကုလထုတ်ပြန်

၂၀၂၂ ခုနှစ်ထဲမှာ ပဋိပက္ခတွေ‌ရဲ့ ဒဏ်ကို ဝမ်းနည်းဖွယ် ခံစားရတဲ့ ကလေးသူငယ်အရေအတွက်က ပိုများလာတယ်လို့ ကလေးသူငယ်များနဲ့ လက်နက်ကိုင်ပဋိပက္ခဆိုင်ရာ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ရဲ့ နှစ်ပတ်လည် အစီရင်ခံစာထုတ်ပြန်ချက်အရသိရပါတယ်။

ရှည်လျားတဲ့ လက်နက်ကိုင် ပဋိပက္ခအသစ်တွေဟာ ၂၀၂၂ ခုနှစ်ထဲမှာလည်း ဆက်လက်ပြင်းထန်လာခဲ့လို့ ဖြစ်ရပ် ၂၄ ခုနဲ့ စောင့်ကြည့်ရေးအစီအစဉ်တစ်ခုမှာ ရန်လိုမှုတွေကြောင့် ထိခိုက်ခဲ့ရတဲ့ ကလေး ဦးရေက ၁၉,၀၀၀ နီးပါး အရေအတွက်နဲ့ တုန်လှုပ်ချောက်ချား ဖွယ် မြင့်မားနေဆဲဖြစ်တယ်လို့ ကုလ အစီအရင်ခံစာမှာ ဖော်ပြထားပါတယ်။ 

၂၀၂၂ ခုနှစ်ထဲမှာ ကလေးသူငယ် သတ်ဖြတ်ခံရတဲ့၊ ဒါမှမဟုတ် ပြင်းပြင်းထန်ထန် ထိခိုက်ဒဏ်ရာရခဲ့တဲ့ အရေအတွက်က ၈,၆၃၀ ကျော် ရှိကြောင်း ကုလသမဂ္ဂက စိစစ်နိုင်ခဲ့ပြီး ဒါဟာ ၂၀၂၁ ခုနှစ်နဲ့ နှိုင်းယှဉ်ရင် ၅ ရာခိုင်နှုန်း တိုးလာခဲ့ပါတယ်။

အသက်သေဆုံး၊ ထိခိုက်ဒဏ်ရာရခဲ့တဲ့ ကလေးသူငယ်တွေရဲ့ ၂၅ ရာခိုင်နှုန်းကျော်ဟာ မြေမြှုပ်မိုင်းတွေ အပါအဝင် ပေါက်ကွဲစေတတ်တဲ့ လက်နက်တွေ အသုံးပြုခြင်းကြောင့် ဖြစ်ပါတယ်။

ကလေးသူငယ်တွေ ထိခိုက်ခဲ့ရတဲ့ စာသင်ကျောင်းတွေနဲ့ ဆေးရုံတွေ တိုက်ခိုက်ခံရမှု ဖြစ်ရပ် ၁၁၀ % အထိ တိုးလာပြီး ဒီလို အဓိက ဖြစ်နေတဲ့ နိုင်ငံတွေထဲမှာ မြန်မာနိုင်ငံလည်း ပါဝင်နေပါတယ်။

 မြန်မာ အပါအဝင် ယူကရိန်း၊ အစ္စရေး၊ ပါလက်စတိုင်း၊ အာဖဂန်နစ္စတန်၊ ဘူကီနာဖာဆိုနဲ့ မာလီနိုင်ငံတွေမှာ ကျောင်းနဲ့ ဆေးရုံ တိုက်ခိုက်ခံရမှု ၁,၈၄၃ အထိ ဖြစ်ခဲ့ကြောင်း အတည်ပြုနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly