"ဝ" အဖွဲ့အပါအဝင် တိုင်းရင်းသားအဖွဲ့ (၃) ဖွဲ့နှင့် စစ်ကောင်စီ တို့ တွေ့ဆုံနိုင်ရေး ဆွေးနွေး

"ဝ" အဖွဲ့အပါအဝင် တိုင်းရင်းသားအဖွဲ့ (၃) ဖွဲ့နှင့် စစ်ကောင်စီ တို့ တွေ့ဆုံနိုင်ရေး ဆွေးနွေး

အင်အားကြီး "ဝ" အဖွဲ့ ၊ မိုင်းလားနှင့် ရှမ်းပြည်တိုးတက်ရေးပါတီတို့နှင့် စစ်ကောင်စီတို့ အကြားတွေ့ဆုံဆွေးနွေးနိုင်ရေး ကိစ္စကို ဇွန်လ (၂၇) ရက်က ပြုလုပ်သည့် NCA လက်မှတ်ရေးထိုးထားသည့် အပစ်ရပ်အဖွဲ့ (၅) ဖွဲ့နှင့် စစ်ကောင်စီ၏ ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့တို့ ဒုတိယနေ့ ဆွေးနွေးပွဲအတွင်း ထည့်သွင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

မြန်မာစစ်တပ်နှင့် တိုက်ပွဲဖြစ်ပွားခြင်းမရှိသော အပစ်ရပ် တိုင်းရင်းသား လက် နက် ကိုင် အဖွဲ့ EAOs ၅ ခုတို့  နေပြည်တော်၌ တွေ့ဆုံကြခြင်းဖြစ်သည်။

ယခု ပြုလုပ်နေသည့် ဆွေးနွေးပွဲတွင် PPST အဖွဲ့ဝင်များ ဖြစ်သည့် ရခိုင်ပြည်လွတ်မြောက် ရေး ပါတီ (ALP) ၊ ဒီမိုကရေစီ အကျိုးပြုကရင် တပ်မ တော် (DKBA) ၊ KNU/KNLA ငြိမ်းချမ်းရေး ကောင်စီ ၊ လားဟူဒီမိုကရက်တစ် အစည်းအရုံး(LDU) ၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး အဖွဲ့ချုပ်(PNLO) တို့ မှ ကိုယ်စားလှယ်များ တက်ရောက်နေကြပြီး စစ်ကောင်စီ၏ NSPNC တို့အကြား ငြိမ်းချမ်းရေးဆွေးနွေးမှုကို ဇွန်လ (၂၆) ရက်က စတင်လုပ်ဆောင်နေခြင်းဖြစ်သည်။

တွေ့ဆုံမှုတွင် "ဝ" အဖွဲ့ အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (၃) ဖွဲ့နှင့် တွေ့ဆုံဆွေးနွေးနိုင်ရေး၊ နိုင်ငံရေး ပါတီများနှင့် တွေ့ဆုံနိုင်ရေးတို့ကို NCA - S EAO များ၏ သဘောထားများနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြောင်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly