အာဆီယံဦးဆောင်တဲ့ မြန်မာ့အရေးဖြေရှင်းဖို့ ကြိုးပမ်းမှုများကို ထောက်ခံကြောင်း ပီတာပြော

အာဆီယံဦးဆောင်တဲ့ မြန်မာ့အရေးဖြေရှင်းဖို့ ကြိုးပမ်းမှုများကို ထောက်ခံကြောင်း ပီတာပြော

ထိုင်းနိုင်ငံ ရွေးကောက်ပွဲမှာ မဲအများဆုံး ရရှိထားတဲ့ Mover Forward ပါတီ ခေါင်းဆောင် ပီတာလင်ဂျာရိုရတ်ရတ် (Pita Limjaroenrat)က  အာဆီယံဦးဆောင်တဲ့ မြန်မာပဋိပက္ခ ဖြေရှင်းရေး လုပ်ငန်းစဉ်အပေါ် အခိုင်မာအားပေးထောက်ခံကြောင်း ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

မြန်မာ့အရေးနဲ့ ပတ်သက်ပြီး ဘက်ပေါင်းစုံပါဝင်တဲ့  ကြိုးပမ်းမှုများကို ချမှတ်ရေး၊ အဖြေရှာရေးတို့အတွက် ဝန်ကြီးချုပ်ရုံးမှာ အဖွဲ့အစည်းတစ်ခု ဖွဲ့စည်းသွားမယ်လို့လည်း ပီတာက ကတိပြုပါတယ်။

ပရာယွတ် အစိုးရဟာ  မြန်မာပဋိပက္ခ ဖြေရှင်းရေး အစိတ်အပိုင်း တစ်ခုအဖြစ် ဇွန်လ ၁၉ ရက်နေ့က ဆွေးနွေးပွဲ တစ်ရပ်ကို ဦးဆောင်ကျင်းပခဲ့ပြီးနောက် ဝေဖန်မှု တချို့ကိုလည်း ကြုံတွေ့ခဲ့ရပါတယ်။

ယင်းအစည်းအဝေးသို့ မြန်မာ့နိုင်ငံခြားရေးဝန်ကြီးကိုပါ ဖိတ်ကြားခဲ့ပေမယ့်လည်း အာဆီယံအလှည့်ကျဥက္ကဋ္ဌ အင်ဒိုနီး ရှား အပါအဝင် အဖွဲ့ဝင်နိုင်ငံသုံးခုက သပိတ်မှောက်ခဲ့ကြပါတယ်။

မြန်မာအရေး အလွတ်သဘောတွေ့ဆုံဆွေးနွေးမှုကို အာဆီယံမူဘောင်အပြင် ဘက်မှ ကျင်းခြင်းဖြစ်ပေမယ့်လည်း မြန်မာနိုင်ငံရေးအခြေနေများကို ဖြေရှင်းပေး နိုင်ရန် ကြိုးပမ်းနေတဲ့ အာဆီယံအဖွဲရဲ့ ကြိုးပမ်းမှုများကို အထောက်အကူ ပြုရန် ရည်ရွယ်ကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဒွန်ပရာဝီနိုင်းကပြောပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly