အကူအညီလိုအပ်နေတဲ့နေရာတွေကို အတားအဆီးမရှိ သွားရောက်ခွင့်ပေးဖို့ စစ်ကောင်စီကို ဗြိတိန်ထပ်မံတောင်းဆို

အကူအညီလိုအပ်နေတဲ့နေရာတွေကို အတားအဆီးမရှိ သွားရောက်ခွင့်ပေးဖို့ စစ်ကောင်စီကို ဗြိတိန်ထပ်မံတောင်းဆို

မြန်မာနိုင်ငံတွင်း လူသားချင်းစာနာမှု အကူအညီလိုအပ်နေတဲ့နေရာတွေကို ပိတ်ပင်မထားဘဲ အတားအဆီးမရှိ သွားရောက်ကူညီခွင့်ပေးဖို့ စစ်ကောင်စီကို ဗြိတိန်အစိုးရက ထပ်မံတောင်းဆိုလိုက်ပါတယ်။

ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့ရှိ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီမှာကျင်းပတဲ့ မြန်မာ့အရေးဆွေးနွေးပွဲအတွင်း ဗြိတိန်အစိုးရရဲ့ လူ့အခွင့်အရေးဆိုင်ရာ သံအမတ် Rita French က ပြောဆိုခဲ့တာပါ။

မိုခါမုန်တိုင်းဒဏ်ခံခဲ့ရတဲ့ ရခိုင်ပြည်နယ်က ဒေသတွေကို နိုင်ငံတကာ အကူအညီပေးရေးအဖွဲ့တွေ ဝင်ခွင့်မပေးဘဲ စစ်ကောင်စီက ပိတ်ပင်ထားပါတယ်။

မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် ပျက်စီးမှုများခဲ့တဲ့ ရခိုင်ပြည်နယ်မှာ ကုလသမဂ္ဂ အပါအဝင် လူသားချင်းစာနာမှုဆိုင်ရာ နိုင်ငံတကာအဖွဲ့အစည်းတွေရဲ့ သွားလာခွင့်ကို စစ်ကောင်စီကပိတ်ထားဆဲလို့ ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ် ညှိနှိုင်းရေးမှူးရုံး (UNOCHA) က ဇွန်လ ၁၉ ရက်မှာ ထုတ်ပြန်ပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required