စစ်ကောင်စီရဲ့ ကာကွယ်ရေးဝန်ကြီးဌာနနဲ့ ဘဏ်ကြီးနှစ်ခုကို အမေရိကန် ပိတ်ဆို့အရေးယူ

စစ်ကောင်စီရဲ့ ကာကွယ်ရေးဝန်ကြီးဌာနနဲ့ ဘဏ်ကြီးနှစ်ခုကို အမေရိကန် ပိတ်ဆို့အရေးယူ

မြန်မာ့ကာကွယ်ရေးဝန်ကြီးဌာန (MoD) ၊ မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ်(MFTB) နဲ့ မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်းရောင်းဝယ်ရေးဘဏ် (MICB) တို့ကို အမေရိကန်ပြည်ထောင်စုက အရေးယူသတ်မှတ်မှုများ ပြုလုပ်သွားမယ်လို့ ဇွန်လ ၂၁ ရက်နေ့က အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဂျေဘလင်ကန်က ပြောကြားလိုက်ပါတယ်။

ကာကွယ်ရေးဝန်ကြီးဌာန၊ MFTB နဲ့ MICB တို့ကို အရေးယူ သတ်မှတ်မှုများ ဆောင်ရွက်ခြင်းမှာ  အမေရိကန် သမ္မတရဲ့ အမိန့်အရ ဆောင်ရွက်ခြင်း ဖြစ်တယ်လို့ ရန်ကုန်ရှိ အမေရိကန်သံရုံးက သတင်း ထုတ်ပြန်လိုက်တာပါ။

စစ်ကောင်စီထံ နိုင်ငံခြားငွေစီးဆင်းမှုမှာ ဒီနိုင်ငံပိုင်ဘဏ်နှစ်ခုက အဓိကကျဆုံးဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly