ဆိုင်ခန်းပေါင်း ၂၀ကျော် ပါ၀င်သည့် Life Square IT and Electronics Mall ဖွင့်လှစ်

ဆိုင်ခန်းပေါင်း ၂၀ကျော် ပါ၀င်သည့် Life Square IT and Electronics Mall ဖွင့်လှစ်

ရန်ကုန် ၊ မတ် ၂၈ ။           ။ IT ပစ္စည်များ နှင့် Electronic ပစ္စည်းများကို တစ်နေရာထဲတွင် ဝယ်ယူ ရရှိနိုင်မည့် LIFE SQUARE IT MALL ကို မတ်၂၇ရက်မှ စတင်ပြီး ရန်ကုန်မြို့ ကမ္ဘာအေးလမ်းမပေါ်ရှိ Myanmar Plaza ဒုတိယထပ်တွင် ဖွင့်လှစ်လိုက်ပြီ ဖြစ်သည်။

Life Square IT နှင့် Electronic Mall ဖွင့်ပွဲ အခမ်းအနားကို မတ် ၂၇ ရက်တွင် ရန်ကုန်မြို့ Myanmar Plaza တွင် ပြုလုပ်ခဲ့ပြီး အဆိုတော် စိုင်းစိုင်းခမ်းလှိုင်၊ မိုးမိုး၊ သတ္တိ၊ ခင်ဝင့်ဝါ နှင့် အခြားသော အနုပညာရှင် များစွာ တက်ရောက်ပြီး ဖဲကြိုးဖြတ် ဖွင့်လှစ်ခဲ့သည်။

Life Square IT နှင့် Electronic Mall သည် စတုရန်းပေပေါင်း ၂သောင်းကျော် ရှိပြီး mobile network ၊ mobile phone ၊ Home Electronics Appliances ၊ Business Electronics များ ဖြစ်သည့် Projector ၊ Printer  များစသည့် ဆိုင်ခန်းပေါင်းများစွာ ပါရှိသည့် IT MALL တစ်ခု ဖြစ်သည်။

IT နည်းပညာ ဘာသာရပ်များနှင့် gaming ပြိုင်ပွဲများကို ကျင်းပ နိုင်သည့် Life Square Learning Room ကိုလည်း ထားရှိထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags