ကမ္ဘာ့ရေးရာကိစ္စများအပြင် မြန်မာနိုင်ငံရေးကိစ္စများ ဖြေရှင်းနိုင်အောင် ကမ္ဘောဒီးယားနှင့် မလေးရှား ပူးပေါင်းဆောင်ရွက်မည်ဟုဆို

ကမ္ဘာ့ရေးရာကိစ္စများအပြင် မြန်မာနိုင်ငံရေးကိစ္စများ ဖြေရှင်းနိုင်အောင် ကမ္ဘောဒီးယားနှင့် မလေးရှား ပူးပေါင်းဆောင်ရွက်မည်ဟုဆို

မလေးရှားဝန်ကြီးချုပ်က ဒေသအတွင်းနဲ့ ကမ္ဘာ့ရေးရာကိစ္စများအပြင် မြန်မာနိုင်ငံရေးပဋိပက္ခများကို ဖြေရှင်းနိုင် အောင် ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟွန်ဆန်နဲ့အတူ ပူးပေါင်းဆောင်ရွက်မှုများ ဆက်လက်လုပ်ဆောင်သွားမှာဖြစ် ကြောင်း ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

မလေးရှားဝန်ကြီးချုပ် အီဘရာဟင်ဟာ ကမ္ဘောဒီးယားနိုင်ငံကို ချစ်ကြည်ရေး ခရီးသွားရောက်ပြီးနောက် ဝန်ကြီးချုပ်ဟွန်ဆန်နဲ့ တွေ့ဆုံဆွေးနွေးမှုများ လုပ်ဆောင်ခဲ့ကြောင်းသိရပါတယ်။

မလေးရှားဝန်ကြီးချုပ်က " ကမ္ဘောဒီးယားနိုင်ငံရဲ့ နိုင်ငံရေးအရှုပ်အထွေးတွေက မြန်မာနိုင်ငံမှာ လက်ရှိဖြစ်နေတဲ့အခြေအနေများထက် ပိုမိုရှုပ်ထွေးပါတယ်။

လာမယ့်အာဆီယံထိပ်သီးအစည်းအဝေးမှာ ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟွန်ဆန်ကို အားပေးထောက်ခံသွားမှာဖြစ်ပါတယ်။

ဟွန်ဆန်ဟာ လာမယ့် အာဆီယံ ထိပ်သီးအစည်းအဝေးမှာ ပိုမိုကောင်းမွန်တဲ့မူဘောင်များ ချမှတ်နိုင်ဖို့ အကြံဉာဏ်ကောင်းတွေ ပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်" လို့ ပြောပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly