အကျဥ်းသား ၆,၀၀၀ နီးပါး လွှတ်ပေးမည်ဟုကြေညာပြီးနောက် ပုသိမ်အကျဥ်းထောင်ရှေ့ တွင် နိုင်ငံရေးအကျဥ်းသားများ၏မိသားစုဝင်များ စောင့်ဆိုင်းနေ

အကျဥ်းသား ၆,၀၀၀ နီးပါး လွှတ်ပေးမည်ဟုကြေညာပြီးနောက် ပုသိမ်အကျဥ်းထောင်ရှေ့ တွင် နိုင်ငံရေးအကျဥ်းသားများ၏မိသားစုဝင်များ စောင့်ဆိုင်းနေ

နိုဝင်ဘာ ၁၇

မဇ္ဈိမ။ ။အာဏာသိမ်းစစ်ကောင်စီက(၁၀၂)နှစ်မြောက် အမျိုးသားနေ့ကိုဂုဏ်ပြုသောအားဖြင့် အကျဥ်း သား ၆,၀၀၀ နီးပါး လွှတ်ပေးမည်ဟုကြေညာပြီးနောက် ယနေ့ နိုဝင်ဘာလ ၁၇ ရက်၊ နံနက်ပိုင်းမှ စတင် ကာ ပုသိမ်အကျဥ်းထောင်ရှေ့တွင် နိုင်ငံရေးအကျဥ်းသားများ၏မိသားစုဝင်များစောင့်ဆိုင်းနေကြကြောင်း သိရသည်။

ပုဒ်မ ၅၀၅(က)ဖြင့် တရားစွဲဆိုခံထားရသည့် နိုင်ငံရေးအကျဥ်းသားများအပြင် လွတ်ရက်နီးနိုင်ငံရေး အကျဥ်းသားအချို့ကိုလည်းလွှတ်ပေးမည်ဟု သတင်းများထွက်ပေါ်နေသည်ဟု စောင့်ဆိုင်းနေသူတစ်ဦး က ပြောသည်။

“မနက်တည်းကစောင့်နေတာ အခုထိတော့ တစ်ယောက်မှမလွတ်သေးဘူး။ စောင့်နေကြတာတော့ လူ တော်တော်များတယ်” ဟု ဆိုသည်။

လက်ရှိတွင် ပုသိမ်အကျဥ်းထောင်ရှေ့၌ စစ်ကောင်စီတပ်ကားတစ်စီးရပ်ထားသည်ဟုသိရပြီး နိုင်ငံရေး အကျဥ်းသားများ၏မိသားစုဝင်များ ဆက်လက်စောင့်ဆိုင်းနေကြသည်ဟု သိရသည်။

စာတည်း။ ။စောဖေ

စာမူတည်းဖြတ်။ ။စောဖေ

#ပုသိမ်အကျဉ်းထောင်

#နိုင်ငံရေးအကျဉ်းသား

#အမျိုးသားနေ့

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly