လွှတ်ပေးမည့်သူများစာရင်းတွင် ကိုမြအေးပါဝင်ဟုဆို

လွှတ်ပေးမည့်သူများစာရင်းတွင် ကိုမြအေးပါဝင်ဟုဆို

နိုဝင်ဘာ ၁၇

စစ်ကောင်စီက ပြန်လည်လွှတ်ပေးမည့်သူ စာရင်းတွင် ကိုမြအေးပါဝင် ကြောင်း မိသားစုနှင့် နီးစပ်သူများထံမှ သိရသည်။

" စာရင်းထဲမှာတော့ ပါတယ်လို့ ရှေ့ နေက ပြောတယ်။

ဘယ်ချိန်လွှတ်မလဲဆိုတာ မသိရသေးဘူး။ အခုတော့ မိသားစုအချို့က အင်းစိန်ရှေ့မှာ စောင့်နေတယ်" ဟု မိသားစုနှင့်နီးစပ်သူတစ်ဦးကပြောသည်။

ကိုမြအေးမှာ လွတ်ရက်နီးနေပြီဖြစ်ပြီး အကျဉ်းထောင်အတွင်း ကျန်းမာရေးချို့တဲ့လျက်ရှိသည်ဟု မိသားစုနှင့် နီးစပ်သူက ပြောသည်။

စစ်အာဏာသိမ်းသည့် ညမှာပင် ကိုမြအေးမှာ ဖမ်းဆီးခံခဲ့ရပြီး နှစ်နှစ်ကျော် ဖမ်းဆီးခံထားရသည့် ကိုမြအေးမှာ ပုဒ်မ ၅၀၅ (ဂ) ဖြင့် ထောင်ဒဏ်ချမှတ်ခံထားရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly