ဝေဘာဂီ အထူးကုဆေးရုံကြီးတွင် သုံးထပ်ဆောင်သစ်ဖွင့်ပွဲရှိသဖြင့် မြောက်ဥက္ကလာ၌ လမ်းများပိတ်ပြီး လုံခြုံရေးတင်းကြပ်နေ

ဝေဘာဂီ အထူးကုဆေးရုံကြီးတွင် သုံးထပ်ဆောင်သစ်ဖွင့်ပွဲရှိသဖြင့် မြောက်ဥက္ကလာ၌ လမ်းများပိတ်ပြီး လုံခြုံရေးတင်းကြပ်နေ

November 3

မဇ္ဈိမ။ ။ရန်ကုန်မြို့၊ မြောက်ဥက္ကလာပမြို့နယ်ရှိ ခုတင်(၁၂၀)ဆံ့ ဝေဘာဂီ အထူးကုဆေးရုံကြီး၏ သုံးထပ် ဆောင်သစ်ကို ယနေ့ နိုဝင်ဘာ လ ၃ ရက်နေ့တွင် ဖွင့်လှစ်မည်ဖြစ်၍ တစ်မြို့လုံးနီးပါး လုံခြုံရေးတင်း ကြပ်ထားကြောင်းတွေ့ရသည်။

နိုဝင်ဘာလ ၃၂ ရက်နေ့ မွန်းလွဲပိုင်းမှစတင်ပြီး ကျောက်ရေတွင်းလေဆိပ်လမ်း၊ အနန်းပင်၊ ခေမာသီလမ်း တကြောတွင် စစ်တပ်၊ ရဲနှင့် စည်ပင်များကိုတွေ့ရပြီး ညပိုင်းတွင်လည်း ရန်ကုန်လေဆိပ်လမ်းတလျောက် စစ်ကား အစီး ၂၀ ဝန်းကျင်ဖြင့် လုံခြုံရေးယူထားသည်ကိုလည်း တွေ့ရသည်။

“ဒီနေ့မနက် ရုံးသွားတော့ လမ်းတွေပိတ်လို့ ရုံးတွေနောက်ကျကုန်တယ်။ ခေမာသီဘက်မှာလည်း ပိတ် တယ်။ ဝေဘာဂီဆေးရုံဖက်ကိုသွားတဲ့ဖြတ်လမ်း ပိတောက်(၇) လမ်းထိပ်မှာလည်း စစ်သားတွေ လုံခြုံရေး ယူထားပြီး လမ်းထဲဝင်တဲ့သူတွေတောင် စစ်မေးနေပြီး လမ်းထဲကမဟုတ်ရင် ပေးမဝင်ဘူးဖြစ်နေတယ်။ ကြားတာကတော့ ဆေးရုံဖွင့်ပွဲမှာ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းလာမယ်ဆိုလို့ လမ်းတွေပိတ်ခိုင်းတာဆို ပြီးပြောနေတယ်” ဟု ရပ်ကွက်နေသူတစ်ဦးက ပြောသည်။

အဆိုပါ ခုတင်(၁၂၀)ဆံ့ ဝေဘာဂီအထူးကုဆေးရုံကြီး၏ သုံးထပ်ဆောင်သစ်ကို Asia World ကုမ္ပဏီမှ ဆောက်လုပ်လှူဒါန်းထားပြီး လျှပ်စစ်ဓာတ်အားသုံးစွဲမှု သက်သာစေရန်အတွက် Solar ဖြင့် မီးပေးစနစ် ထည့်သွင်းတည်ဆောက်ထားကြောင်းလည်း သိရသည်။

စာတည်း။ ။စောဖေ

စာမူတည်းဖြတ်။ ။ စောဖေ

#ရန်ကုန်မြို့

#ဝေဘာဂီအထူးကုဆေးရုံ

#လုံခြုံရေးတင်းကြပ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly