စက်သုံးဆီဈေးနှုန်းများ အတက်ဘက်တွင်သာရှိနေ

စက်သုံးဆီဈေးနှုန်းများ အတက်ဘက်တွင်သာရှိနေ

October 31

(မဇ္ဈိမ)။ ။ စက်သုံးဆီဈေးနှုန်းများမှာ အတက်ဘက်တွင်သာရှိနေပြီး ၉၂ တစ်လီတာလျှင် ၂,၀၀၀ ကျပ်သို့ပြန်လည်ရောက်ရှိနေပြီး နေရာဒေသအလိုက် ဈေးနှုန်းကွာဟမှုများရှိနေကြောင်း သိရသည်။

ယနေ့ အောက်တိုဘာလ ၃၁ရက်နေ့ စက်သုံးဆီဈေးနှုန်းများမှာ 92 တစ်လီတာလျင် ၂,၀၀၀ ကျပ်၊ 95 တစ်လီတာလျင် ၂,၀၉၀ ကျပ်၊ ဒီဇယ်ဆီ တစ်လီတာလျင် ၂,၆၉၀ ကျပ်နှင့် ပရီမီယံဒီဇယ်ဆီ တစ်လီတာလျှင် ၂,၇၇၅ ကျပ်တို့ဖြစ်ကြောင်းသိရသည်။

အဆိုပါဈေးနှုန်းများမှာ စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီး ကြပ်ရေးကော်မတီမှ ထုတ်ပြန်သည့် ရည်ညွှန်းလက်လီစျေးနှုန်းများဖြစ်သည်။

"ဒီဈေးနှုန်းတွေက ရည်ညွှန်းဈေးတွေပဲဖြစ်တယ်။ နေရာဒေသကွာပြီး 92 တစ်လီတာကို ၂,၇၀၀ ကျော်နဲ့ 95 တစ်လီတာကို ၃,၅၀၀ ကျော်နဲ့ ပေးဝယ်ရတာတွေရှိတယ်" ဟု မဇ္ဈိမ​၏ သတင်းရင်းမြစ်တစ်ဦးကဆိုသည်။

အောက်တိုဘာလ ၂၈ရက်နေ့ စက်သုံးဆီဈေးနှုန်းများမှာ 92 တစ်လီတာလျင် ၁,၉၇၀ ကျပ်၊ 95 တစ်လီတာလျင် ၂,၀၆၀ ကျပ်၊ ဒီဇယ်ဆီ တစ်လီတာလျင် ၂,၆၅၅ ကျပ်နှင့် ပရီမီယံဒီဇယ်ဆီ တစ်လီတာလျှင် ၂,၇၄၀ ကျပ်တို့ဖြစ်ကြောင်း သိရသည်။

" ဆီဈေးစတက်တာ အောက်တိုဘာ ၂၉ရက်က စတက်တာ ဒီနေ့ အောက်တိုဘာ ၃၁ နဲ့ဆိုရင် သုံးရက်ဆက်တိုက် အတက်ဈေးမှာပဲ ငြိမ်နေတယ်။ လာမည့် တန်ဆောင်တိုင်ပိတ်ရက် နောက်ပိုင်းမှ ဈေးပြန်ကျမယ်လို့ ယူဆရတယ်" ဟု မဇ္ဈိမ​၏ သတင်းရင်းမြစ်တစ်ဦးက သုံးသပ်ပြောဆိုထားသည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima

#တန်ဆောင်တိုင်

#ပရီမီယံဒီဇယ်ဆီ

#စက်သုံးဆီဈေးနှုန်း

#ရည်ညွှန်းဈေး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly