စစ်ကောင်စီက အရပ်သားများအား လေကြောင်းတိုက်ခိုက်သည့်အတွက် ‘လွန်စွာ စိုးရိမ်ကြောင်း’ တောင်ကိုရီးယား ပြော 

စစ်ကောင်စီက အရပ်သားများအား လေကြောင်းတိုက်ခိုက်သည့်အတွက် ‘လွန်စွာ စိုးရိမ်ကြောင်း’ တောင်ကိုရီးယား ပြော 

October 28

မကြာသေးခင်က မြန်မာစစ်အာဏာသိမ်းအုပ်စု၏ အရပ်သားများ အသေအဆုံးများသည့် လေကြောင်းတိုက်ခိုက်မှုကြောင့် တောင်ကိုရီးယားအစိုးရက “လွန်စွာ စိုးရိမ်ကြောင်း” ကြာသပတေးနေ့တွင် ဖော်ပြလာသည်။ 

“မြန်မာနိုင်ငံ မြောက်ပိုင်း ကချင်ပြည်နယ်မှာ အောက်တိုဘာ ၂၃ ရက်က စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုမှာ အရပ်သား အများအပြား သေဆုံးရတာအတွက် ကျွန်တော်တို့ အစိုးရအနေနဲ့ နက်နက်ရှိုင်းရှိုင်း စိုးရိမ်ပူပန်ရတယ်”ဟု နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူ လင်ဆိုဆတ်က သတင်းစာရှင်းလင်းပွဲ၌ ပြောသည်။ 

တောင်ကိုရီးယား အစိုးရသည် မြန်မာနိုင်ငံတွင်းက အကြမ်းဖက်အင်အား အသုံးပြုခြင်းကို ရပ်တန့်ရန်နှင့် မမျှမတ ဖမ်းဆီးထားသူများကို ပြန်လွှတ်ရန် တောင်းဆိုခဲ့ကြောင်း ၎င်းက ပြောသည်။ အဆိုပါ ဖားကန့်က ဂီတပွဲအား လေကြောင်းတိုက်ခိုက်မှု၌ လူဒါဇင်များစွာ သေဆုံးကြောင်း သတင်းဌာနများက ဖော်ပြသည်။ 

(မိုးသဲ ဘာသာပြန်သည်။) 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required