ဖားကန့် တေးဂီတပွဲအား စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကို အင်ဒိုနီးရှား ရှုတ်ချ 

ဖားကန့် တေးဂီတပွဲအား စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကို အင်ဒိုနီးရှား ရှုတ်ချ 

October 28

မြန်မာနိုင်ငံ မြောက်ပိုင်း၌ ပြီးခဲ့သည့် တနင်္ဂနွေနေ့က လူဒါဇင်များစွာ သေဆုံးရသည့် လဟာပြင် တေးဂီတပွဲအား စစ်ကောင်စီက ပစ်မှတ်ထား လေကြောင်းတိုက်ခိုက်မှုကို အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး ရတ်နို မာဒူဒီက ကြာသပတေးနေ့တွင် ရှုတ်ချပြောဆိုသည်။ 

မြန်မာ့အရေး အထူးတလည် ဆွေးနွေးသည် ဂျကာတာတွင် ကျင်းပသည့် အရှေ့တောင်အာရှနိုင်ငံများအသင်း အာဆီယံ၏ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးတွင် မာဆူဒီက ဝေဖန်ရှုတ်ချခြင်းပဲ ဖြစ်သည်။ 

“ကချင်ပြည်နယ်က ဂီတပွဲကို မြန်မာစစ်အာဏာသိမ်းအုပ်စုရဲ့ လေကြောင်းတိုက်ခိုက်မှုဟာ ရှုတ်ချစရာပဲ ဖြစ်ပြီး လက်သင့်ခံစရာ မရှိဘူး”ဟု အစည်းအဝေးအပြီးတွင် သူမက ပြောဆိုသည်။ 

ပြီးခဲ့သည့်နှစ် ဖေဖော်ဝါရီလအတွင်း စစ်အာဏာသိမ်းလိုက်ချိန်မှစကာ မြန်မာနိုင်ငံတွင် ဆူပူအကြမ်းဖက်မှုများ မြင့်တက်နေခြင်းကို စိုးရိမ်ပူပန်မှုအား ပြသရင်း အင်ဒိုနီးရှားနိုင်ငံက လူအများအပြား သေဆုံးရသည့် အကြမ်းဖက်တိုက်ခိုက်မှု အားလုံးကို ချက်ချင်းရပ်တန့်ရန် စစ်ကောင်စီအား တိုက်တွန်းသည်။ 

“အကြမ်းဖက်လုပ်ရပ်တွေ ချက်ချင်း ရပ်တန့်ရမှာ ဖြစ်တယ်၊ ဒီ သတင်းစကားကို အင်ဒိုနီးရှားအနေနဲ့ တပ်မတော်ဆီ မနှေးမမြန် ရောက်စေချင်တယ်”ဟု မာဆူဒီက ပြောသည်။ 

ဖားကန့်တွင် ကျင်းပသော ဂီတပွဲအား လေကြောင်းတိုက်ခိုက်မှု၌ အဆိုတော်များနှင့် KIA မှ တာဝန်ရှိသူများ အပါအဝင် လူ ဒါဇင်များစွာ သေဆုံးရသည်။ 

KIA သည် ကချင်ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် ကိုယ်ပိုင်အုပ်ချုပ်ပိုင်ခွင့် ရရှိရေးအတွက် နှစ်ခြောက်ဆယ်ကျော် တိုက်ပွဲဝင်နေခြင်း ဖြစ်သည်။ 

နိုဘယ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော ရွေးကောက်ခံ အရပ်သားအစိုးရကို ပြီးခဲ့သည့်နှစ်က ဖြုတ်ချခဲ့သည့် မြန်မာစစ်တပ်၏ အုပ်ချုပ်မှုကို KIA က အတိုက်အခံ ပြုထားသည်။ 

(မိုးသဲ ဘာသာပြန်သည်။) 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required