ဖမ်းဆီးရမိသည့် စစ်ကောင်စီတပ်သားများတွင် မူးယစ်ဆေးများတွေ့ရှိဟု NUG ဝန်ကြီးပြော

ဖမ်းဆီးရမိသည့် စစ်ကောင်စီတပ်သားများတွင် မူးယစ်ဆေးများတွေ့ရှိဟု NUG ဝန်ကြီးပြော

October 27

ဖမ်းဆီးရမိသည့် စစ်ကောင်စီတပ်သားများတွင် မူးယစ်ဆေးများတွေ့ရှိ ကြောင်း NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်ကပြောသည်။

" အကြမ်းဖက်စစ်သားတွေမူးယစ်ဆေးစွဲနေတဲ့ကိစ္စပဲ။စစ်သုံ့ပမ်းတွေလက်ရဖမ်းမိတဲ့အချိန်တိုင်း သူတို့ကိုယ်မှာ ဆေးပြားတွေ ဆောင်ထားတာ တွေ့ရသလို သူတို့ကိုယ်တိုင်လည်း ဆေးသုံးပြီးမှ ရှေ့တန်း ထွက်ရဲတော့တယ်ဆိုတာ ဝန်ခံကြတယ်။ အောက်ခြေစစ်သားတွေသာမက စစ်ကြောင်းမှုးတွေ၊ အရာရှိ တွေအပါအဝင် အများစုဆေးသုံးကြတယ်ဆိုတဲ့ သက်သေတွေ၊ အထောက်အထားတွေ၊ ငါတို့ရရှိထားတယ်" ဟု NUG ကာကွယ်ရေးဝန်ကြီးကပြောသည်။

မူးယစ်ဆေးစွဲနေသည့် မြန်မာစစ်တပ်မှာ အကြမ်းဖက်မှုများ လုပ်ရန် ဝန်မလေးကြောင်း၊ PDF ရဲဘော်များအနေဖြင့် သတိဝိရီယပိုထားကာ ပြည်သူကို ကာကွယ်စောင့်ရှောက်ရမည်ဟု ကာကွယ်ရေးဝန်ကြီးက ပြောသည်။

" စစ်ကောင်စီကျုးလွန်တဲ့ စစ်ရာဇဝတ်မှုတွေအကြောင်း ပြောရင် မီးခိုးမဆုံး၊ မိုးမဆုံး ရှိလိမ့်မယ်။ နွေဦးပြည်သူ့တော်လှန်ရေးသည်ပင် စစ်အုပ်စုရဲ့လူမဆန်မှု ဆိုးယုတ်မှုတွေကြောင့် ပေါ်ပေါက်လာခဲ့တာပဲ ဖြစ်တယ်" ဟု ဦးရည်မွန်က ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly