ပေါက်ခေါင်းမြို့နယ် လျှပ်စစ်ရုံး မိုင်းပေါက်ကွဲမှု (၂ ) ကြိမ်ဖြစ်ပွါး၊ စစ်ကောင်စီတပ်ဖွဲ့ဝင်များ သေဆုံးနိုင်

By သွင်ထူးဈာန်
22 October 2022
ပေါက်ခေါင်းမြို့နယ် လျှပ်စစ်ရုံး မိုင်းပေါက်ကွဲမှု (၂ ) ကြိမ်ဖြစ်ပွါး၊ စစ်ကောင်စီတပ်ဖွဲ့ဝင်များ သေဆုံးနိုင်

October 22

မဇ္ဈိမ ။ ။ ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ် မြို့နယ်လျှပ်စစ်ရုံးတွင် အောက်တိုဘာလ၂၀ရက် ည ၈ နာရီခန့်က မိုင်းပေါက်ကွဲမှု နှစ်ကြိမ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ယင်းမိုင်းပေါက်ကွဲမှုကြောင့် စစ်ကောင်စီတပ်ဖွဲဝင်များ သေဆုံးနိုင်ကြောင်း ပေါက်ခေါင်းလွတ်မြောက်ရေးအင်အားစုထံက သိရသည်။

“လျှပ်စစ်ရုံးအတွင်းထဲကို ၇နာရီ၄၅ မိနစ်။ အပြင်ကိုက ၈နာရီ၁၅မှာခွဲတယ်။ နာရီဝက်ခြားပြီး အထဲကို အရင်ခွဲတာ remote(အဝေးထိန်းခလုတ်) နဲ့ ထိန်းချုပ်ပြီးခွဲတာ။ ရဲတွေဆိုင်ကယ်နဲ့ အုံလာမှ နောက်တစ်လုံးထပ်ခွဲတယ်။ မီးတွေပါ ထတောက်တယ်”ဟု ပေါက်ခေါင်းလွတ်မြောက်ရေးအင်အားစုမှ တာဝန်ခံ ဗိုလ်ဒိုင်ကြီးက ပြောသည်။

အဆိုပါ မိုင်းပေါက်ကွဲမှုကို မြို့ပြလူကြီးလူကောင်းများအဖွဲ့က မြို့ပြကျောက်ခဲဟင်းညို စစ်ဆင်ရေးအမည်ဖြင့် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီဒေါက်တိုင်များဖြစ်သည့် ဌာနဆိုင်ရာများနှင့် Non-CDMများကို ပစ်မှတ်ထားသည့် စစ်ဆင်ရေးဖြစ်ကြောင်း ပေါက်ခေါင်းလွတ်မြောက်ရေးအင်အားစုက ထုတ်ပြန်ထားသည်။

ယင်းအဖွဲ့သည် ပြီးခဲ့သည့် စက်တင်ဘာလအတွင်းက ပေါက်ခေါင်းမြို့နယ် လဝကရုံးနှင့် စည်ပင်ရုံးတို့ကိုလည်း မိုင်းဖောက်ခွဲမှုပြုလုပ်ခဲ့သေးသည်။

စာတည်း။ ။ ဖူးသိမ်ကျ

စာမူတည်းဖြတ်။ ။ အောင်ကျော်ဖြိုး

#ပဲခူးတိုင်း

#ပေါက်ခေါင်းမြို့နယ်

#စစ်ကောင်စီ

#လျှပ်စစ်ရုံး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly