အိုးဘိုထောင်ရှေ့နှင့် အိုးဘိုဘူတာအနီးရပ်ကွက်များမှနေအိမ်များကို စစ်ကောင်စီက ဖျက်ဆီးရှင်းလင်းနေ

အိုးဘိုထောင်ရှေ့နှင့် အိုးဘိုဘူတာအနီးရပ်ကွက်များမှနေအိမ်များကို စစ်ကောင်စီက ဖျက်ဆီးရှင်းလင်းနေ

October 21

မဇ္ဈိမ။ ။မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ် အိုးဘိုအကျဉ်းထောင်နှင့်မျက်နှာချင်းဆိုင်ရပ်ကွက်မှ နေ အိမ်များနှင့် အိုးဘိုဘူတာအနီးရပ်ကွက်ရှိ သံလမ်းဘေးမှနေအိမ်များကို ယနေ့ အောက်တိုဘာလ ၂၁ ရက် နံနက် ၈ နာရီမှစတင်၍ စစ်ကောင်စီလက်အောက်ခံအဖွဲ့က ဖျက်ဆီးရှင်းလင်းနေကြောင်း အိမ်အဖျက်ခံ ရသည့်အထဲတွင်ပါဝင်သည့် ဒေသခံတစ်ဦးက မဇ္ဈိမကို ပြောသည်။

"အခုမနက် ရဲရော၊ စစ်ရော၊ စက်ယန္တရားအစုံနဲ့ရောက်လာပြီး တစ်နာရီအတွင်း ဖျက်ခိုင်းတယ်"ဟု အိုးဘို အကျဉ်းထောင်ရှေ့ရပ်ကွက်တွင် နေထိုင်သူတစ်ဦးကပြောသည်။

အိုးဘိုဘူတာအနီးမှနေအိမ်များကိုဖျက်ပေးရန် စက်တင်ဘာလ ၁၃ ရက်နေ့က အကြောင်းကြားစာများ ပေးပို့ထားသော်လည်း အိုးဘိုထောင်ရှေ့ရှိနေအိမ်များကို အောက်တိုဘာလ ၂၀ ရက်နေ့တွင်လာရောက် တိုင်းတာခဲ့ပြီး ယနေ့ အောက်တိုဘာလ ၂၁ ရက်တွင် ဖျက်ပေးရန်ပြောဆိုခဲ့ကြောင်း သိရသည်။

“မနေ့ကတိုင်းတယ် ဒီနေ့ဖျက်ခိုင်းတယ်။ ကျွန်တော်တို့က ဘယ်လိုလုပ်ရမလဲ"ဟု ဒေသခံတစ်ဦးကပြော သည်။

ယခု အဖျက်ခံနေရသည့်ရပ်ကွက်သည် အိုးဘိုထောင် မရောက်ခင်ကတည်းက တည်ရှိခဲ့သည့်ရပ်ကွက် များဖြစ်ပြီး အဖျက်ခံရမည့် နေအိမ်တိုက်တာ ၁၀၀ ကျော်ခန့်ရှိသည်ဟု သိရသည်။

လက်ရှိတွင် အိုးဘိုရပ်ကွက်၏လမ်းများကိုတားဆီးထားပြီး ဝင်ထွက်ခွင့်များကိုပါ ပိတ်ပင်ထားကာ စစ်ကောင်စီလက်နက်ကိုင်အဖွဲ့မှ အင်အားအလုံးအရင်းဖြင့် လုံခြုံရေးယူထားကြောင်း သိရသည်။

စာတည်း။ ။ စောဖေ

စာမူတည်းဖြတ်။ ။စောဖေ

#မန္တလေးမြို့

#အိုးဘိုအကျဉ်းထောင်

#ဖျက်ဆီးရှင်းလင်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly