မင်းကင်းမြို့နယ် ဗရုံကာကျေးရွာတွင် နေအိမ်(၂၈)လုံးကို စစ်ကောင်စီတပ်က မီးရှို့

မင်းကင်းမြို့နယ် ဗရုံကာကျေးရွာတွင် နေအိမ်(၂၈)လုံးကို စစ်ကောင်စီတပ်က မီးရှို့

October 14

မဇ္ဈိမ။ ။ စစ်ကိုင်းတိုင်း ၊ မင်းကင်းမြို့နယ် ဗရုံကာကျေးရွာကို စစ်ကောင်စီတပ်က အောက်တိုဘာလ (၈) ရက်နေ့ နံနက် ၁၀ နာရီခန့်တွင် ရွာကိုမီးတင်ရှို့ခဲ့ကြောင်း သိရသည်။

အဆိုပါ မီးရှို့မှုဖြစ်စဉ်တွင် အိမ်ခြေ(၄၀၀)ခန့်ရှိသည့် ဗရုံကာကျေးရွာမှ နေအိမ်(၂၈)လုံး မီးလောင်ပြာကျခဲ့ ကြောင်း ဒေသခံပြည်သူတစ်ဦးကပြောကြားသည်။

“မင်းကင်းမြို့ကတတ်လာတဲ့ စစ်ကောင်စီစစ်ကြောင်းက အင်အား(၁၀၀)ခန့်လောက်နဲ့ မြစ်ရိုးအထက်ပိုင်း မှာရှိတဲ့ရွာတွေကို တစ်ရွာဝင်တစ်ရွာထွက် စစ်ကြောင်းထိုးနေတာဗျ။ စစ်တပ်က ရွာထဲကိုဝင်လာပြီး လက် နက်ကြီးငယ်တွေနဲ့ရမ်းသန်းပစ်ခတ်တာတွေ ဆက်တိုက်လုပ်နေခဲ့တာ။ လူနေအိမ်ကတော့(၂၈)လုံး ပါ သွားတယ်”ဟု ဒေသခံပြည်သူတစ်ဦးက မစ္ဇျိမကို ပြောသည်။

မင်းကင်းမြို့နယ်အထက်ပိုင်းတွင် စစ်ကောင်စီတပ်သားများ၏ စစ်ကြောင်းထိုးနေမှုများကြောင့် ကျေးရွာ ခုနစ်ရွာမှ ဒေသခံပြည်သူများ ဘေးလွတ်ရာသို့ ရှောင်တိမ်းနေရကြောင်းလည်း သိရသည်။

စာတည်း။ ။ စောဖေ

စာမူတည်းဖြတ်။ ။ စောဖေ

#စစ်ကိုင်းတိုင်း

#မင်းကင်းမြို့နယ်

#စစ်ကြောင်းထိုး

#ရွာကိုမီးတင်ရှို့

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly