ဝေါမြို့နယ်၊ စစ်တောင်းမြစ်အနီးရှိကျေးရွာများတွင် စစ်ကောင်စီလက်အောက်ခံ ပျူးစောထီးများက ညဘက်အပြင်မထွက်ရန် လိုက်လံကြေညာ

By သွင်ထူးဈာန်
13 October 2022
ဝေါမြို့နယ်၊ စစ်တောင်းမြစ်အနီးရှိကျေးရွာများတွင် စစ်ကောင်စီလက်အောက်ခံ ပျူးစောထီးများက ညဘက်အပြင်မထွက်ရန် လိုက်လံကြေညာ

OCTOBER 13

မဇ္ဈိမ။ ။ ပဲခူးတိုင်းဒေသကြီးအရှေ့ခြမ်း စစ်တောင်းမြစ်တစ်ဖက်ကမ်း မွန်ပြည်နယ်နှင့်ကပ်လျှက်ရှိသော ဝေါမြို့နယ်ရှိ ကျေးရွာများကို စစ်ကောင်စီမှ ညမထွက်ရအမိန့်ထုတ်ပြန်ခဲ့ကြောင်း ဒေသခံများထံမှ သိရ သည်။

ဝေါမြို့နယ်စစ်တောင်းမြစ်အနီးရှိ သူရဲသမိန်ကျေးရွာ၊ မြစ်ကျိုးကျေးရွာ၊ စက်စုကျေးရွာ၊ ဒလနွမ်းကျေး ရွာ၊ ဝိုင်းပတ်ကျေးရွာ၊ ဆင်ရွာ၊ လက်ပန်ကျေးရွာများ၌ ည(၈)နာရီနောက်ပိုင်း အိမ်အပြင်မထွက်ကြရန် အောက်တိုဘာလ ၁၂ ရက်နေ့ ညနေပိုင်းတွင် စစ်ကောင်စီ၏စေခိုင်းချက်အရ ကျေးရွာပျူစောထီးအဖွဲ့ ဝင်များမှ လိုက်လံကြေညာခဲ့ကြောင်းသိရသည်။

“သူတို့တွေက PDF တွေ ဝင်လာတော့မယ်ဆိုပြီး ရွာအဝင်တွေမှာ ကင်းပုန်းဝပ်နေ ကြတယ်။ ည(၈)နာရီ နောက်ပိုင်း အပြင်ထွက်ရင် သေနတ်နဲ့ပစ်ခတ်မိပါက တာဝန် မယူကြောင်း ကြေညာနေတယ်။ စက်လှေ တွေလည်း တဖက်ကမ်းပေး မကူးခိုင်းဘူး။ တံငါသည်နဲ့ စိုက်ပျိုးရေးသမားတွေ ဒုက္ခရောက်နေကြပြီ”ဟု ဝေါမြို့နယ်၊ စက်စုကျေးရွာမှ ရွာသားတစ်ဦးကပြောသည်။

စစ်တောင်းမြစ်နှင့်ကပ်လျှက်ရှိသော မြစ်ကျိုးကျေးရွာ၊ လက်ပန်ကျေးရွာ၊ အုတ်ဖိုကျေးရွာတို့မှ NLD ပါတီ ဝင်များ၊ တက်ကြွလှုပ်ရှားသူများနှင့် သံသယရှိသူ ၈ ဦးကို လွန်ခဲ့သောနှစ်ပတ်ခန့်က စစ်ကောင်စီတပ်က ဖမ်းဆီးသွားပြီးနောက် ရွာသားအချို့လည်း ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း သိရသည်။

စာတည်း။ ။ စောဖေ

စာမူတည်းဖြတ်။ ။ စောဖေ

#ပဲခူးတိုင်းအရှေ့ခြမ်း

#ဝေါမြို့နယ်

#ပျူစောထီး

#ညမထွက်ရအမိန့်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly