မြန်မာစစ်တပ်ကို တရားစွဲနိုင်မည်ဖြစ်သည့် အင်ဒိုနီးရှား ဖွဲ့စည်းပုံခုံရုံး၏ စီရင်ချက်ကို စောင့်ကြည့်နေ 

မြန်မာစစ်တပ်ကို တရားစွဲနိုင်မည်ဖြစ်သည့် အင်ဒိုနီးရှား ဖွဲ့စည်းပုံခုံရုံး၏ စီရင်ချက်ကို စောင့်ကြည့်နေ 

အောက်တိုဘာလ ၁၂ ရက်

အင်ဒိုနီးရှားနိုင်ငံတွင် မြန်မာစစ်တပ်အား တရားစွဲဆိုနိုင်မည့် မကြုံစဖူးသော ဖြစ်တန်ခြေရှိသည့် တရားရေး လုပ်ငန်းစဉ်တစ်ရပ်ကို မကြာသေးခင်က စတင်ဖော်ဆောင်ခဲ့သည်။ ယနေ့တွင် အင်ဒိုနီးရှား ဖွဲ့စည်းပုံ ခုံရုံးက ပြည်တွင်းလူ့အခွင့်အရေး ဥပဒေကို ပြန်လည်သုံးသပ်ပြင်ဆင်ရန် လျှောက်ထားချက်အပေါ် ခုံရုံးက ဆက်လက်စဉ်းစား သုံးသပ်နေပြီ ဖြစ်သည်။ 

အဆိုပါ လျှောက်ထားချက်သာ အောင်မြင်ခဲ့ပါက အာဂျင်တီးနားနှင့် တူရကီတို့၌ အားလုံးနှင့်ဆိုင်သော တရားစီရင်ရေး မူဘောင်ဖြင့် မြန်မာစစ်တပ်ကို တရားစွဲဆိုထားခြင်းကဲ့သို့ အင်ဒိုနီးရှားနိုင်ငံတွင်လည်း မြန်မာစစ်တပ်ကို ရက်စက်ကြမ်းကြုတ်သော ရာဇဝတ်မှုများအတွက် စုံစမ်းစစ်ဆေးနိုင်မည် ဖြစ်သည်။ 

ယင်းသို့ ပြည်ပနိုင်ငံမှ အာဏာသိမ်းစစ်ခေါင်းဆောင်များကို တရားစွဲဆိုနိုင်ခြင်းသည် အာဆီယံအဖွဲ့ဝင် နိုင်ငံတစ်နိုင်ငံအတွက် ပထမဆုံး ဖြစ်လိမ့်မည် ဖြစ်သည်။ မြန်မာနိုင်ငံက အာဏာသိမ်းစစ်ကောင်စီသည် နိုင်ငံ၏ စစ်တပ်ထောက်ခံသော ဖွဲ့စည်းပုံကို ချိုးဖောက်ကာ အာဏာသိမ်းခဲ့ခြင်း ဖြစ်သည်။ စစ်ကောင်စီတပ်ကို ကိုယ်ပြည်သူ့များအပေါ် ကြီးစွာသော ရက်စက်ယုတ်မာမှုများ ကျူးလွန်ခြင်းအတွက် ကုလသမဂ္ဂနှင့် အခြားသော အဖွဲ့အစည်းများက စွပ်စွဲထားသည်။ အငြင်းပွားဖွယ် ခန့်မှန်းချက်အရ ၂၀၂၁ ဖေဖော်ဝါရီလ အာဏာသိမ်းချိန်မှ စပြီး လူပေါင်း ၂,၃၀၀ ကျော် သတ်ဖြတ်ခံရကာ ဖမ်းဆီးထားသူနှင့် ပျောက်ဆုံးနေသူပေါင်း ၁၅,၀၀၀ ကျော်ထက်မနည်း ရှိနေကြောင်း သိရသည်။ 

မြန်မာစစ်တပ်သည် လွန်ခဲ့သော ငါးနှစ်ကလည်း ရခိုင်ပြည်နယ်၌ အကြမ်းဖက်မှုများ ဆင်နွှဲခဲ့ရာ ရိုဟင်ဂျာ ၇၀၀,၀၀၀ ကျော်ထက်မနည်း ဘင်္ဂလားဒေ့ရှ်သို့ တိမ်းရှောင်ထွက်ပြေးရသည်။ လက်ရှိအထိ ရိုဟင်ဂျာများ၏ နေရပ်ပြန်ရေးမှာ မသေချာ မရေရာ ရှိနေသည်။ ရိုဟင်ဂျာ အများစုသည် စစ်တပ်နှင့် အခြားသူများ ကျူးလွန်သော ကိုယ်ထိလက်ရောက် အကြမ်းဖက်ခြင်း၊ လူအစုလိုက် သတ်ဖြတ်ခြင်း၊ အဓမ္မပြုကျင့်ခြင်းနှင့် အခြားသော လိင်အကြမ်းဖက်မှုများကို ရင်ဆိုင်ကြုံတွေ့ခဲ့ကြသည်။ 

ယခု အင်ဒိုနီးရှား၏ လူ့အခွင့်အရေးဥပဒေကို ပြင်ဆင်သုံးသပ်ရန် လျှောက်ထားသူများမှာလည်း အင်ဒိုနီးရှားနှင့် အာဆီယံဒေသတွင်းတွင် လေးစားရသည့် ပုဂ္ဂိုလ်များ ဖြစ်ကြသည်။ အင်ဒိုနီးရှား ရှေ့နေချုပ်ဟောင်း Marzuki Darusman၊ ကမ္ဘာ့ မွတ်စလင် လူဦးရေအများဆုံး အင်ဒိုနီးရှား၌ အကြီးဆုံး မွတ်စလင် ကူညီရေးအသင်းဖြစ်သော Muhammadiyah မှ တရားရေးရာ အကြီးအကဲ Dusyro Muqoddas နှင့် အင်ဒိုနီးရှား လွတ်လပ်သော သတင်းသမားများ အသင်း AJI ၏ ဥက္ကဋ္ဌ Sasmito Madrim တို့ ဖြစ်ကြသည်။ 

(မိုးသဲ ဘာသာပြန်သည်။) 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly