မင်းတပ်မြို့ CDM ကျောင်းတွင် ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် စာစီစာကုံး ပြိုင်ပွဲ နှင့် အားကစားပြိုင်ပွဲကျင်းပ

By ကိုခင်မောင်
06 October 2022
မင်းတပ်မြို့ CDM ကျောင်းတွင် ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် စာစီစာကုံး ပြိုင်ပွဲ နှင့် အားကစားပြိုင်ပွဲကျင်းပ

ကိုခင်မောင်

မဇ္ဈိမ။ ။ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်ရှိ CDM ကျောင်းတွင် ယမန်နေ့ အောက်တိုဘာလ ၅ ရက်နေ့က ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲ နှင့် အားကစားပြိုင်ပွဲများကို ကျင်းပခဲ့ကြောင်း မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံက သိရသည်။

အဆိုပါ ကမ္ဘာ့ဆရာများနေ့ (World Teacher's Day) အခမ်းအနားကို မင်းတပ် မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်ပညာရေး ဘုတ်အဖွဲ့၏ ဦးဆောင်မှုဖြင့် ဖွင့်လှစ်သည့် အခြေခံပညာ အထက်တန်းကျောင်း တစ်ကျောင်း တွင်ကျင်းပခဲ့ခြင်းဖြစ် ကြောင်းသိရသည်။

အခမ်းအနားသို့ မင်းတပ် မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၏ အတွင်းရေးမှူး (၁)၊ မြို့နယ် ပညာရေးဌာနတာဝန်ခံအကြီးအကဲ၊ တပ်မဟာမှူး - ချင်းကာကွယ်ရေးတပ်ဖွဲ့ (CDF-MINDAT) နှင့် တိုက်နယ် (၁) တိုက်နယ်ပြည်သူ့အုပ်ချုပ်ရေးမှူးတို့ တက်ရောက်၍ အမှာစကား ပြောကြားခဲ့ကြပြီး ကျောင်းသူ၊ကျောင်းသားများနှင့် ဆရာ၊ဆရာမ များမှ ချင်းရိုးရာ အကတို့ဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြသည်။

စာတည်း။ ။မောင်ကောင်း

#ချင်းပြည်နယ်

#မင်းတပ်မြို့

#CDMကျောင်း

#ကမ္ဘာ့ဆရာများနေ့

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required