စစ်ခေါင်းဆောင် မန္တလေးရောက်နေကြောင်း သတင်းထွက်၊ မြို့အနှံ့ လုံခြုံရေးတင်းကျပ်

စစ်ခေါင်းဆောင် မန္တလေးရောက်နေကြောင်း သတင်းထွက်၊ မြို့အနှံ့ လုံခြုံရေးတင်းကျပ်

September 29

မန္တလေး(မဇ္စျိမ)။။ ။အကြမ်းဖက်အာဏာသိမ်းစစ်ခေါင်းဆောင် ရောက်ရှိနေကြောင်း သတင်းထွက်နေသည့် မန္တလေးမြို့တွင်၊ ယမန်နေ့ နေ့လယ်ပိုင်းကစ၍၊ စစ်ကောင်စီတပ်က လုံခြုံရေးတင်းကျပ်ထားသည်ကို တွေ့ရသည်။

“၀ပ်ကင်းတွေရော လှည့်ကင်းတွေရော တစ်မြို့လုံးနေရာအနှံ့ပါပဲ၊ မအလ(မင်းအောင်လှိုင်)နန်းတွင်းထဲရောက်နေတာ သေချာတယ်၊ ညနေ ၆ နာရီလောက်က ရဟတ်ယာဉ်နှစ်စင်း နန်းတွင်းထဲဆင်းသွားတာ တွေ့လိုက်ရတယ်” ဟု နန်းရှေ့ ၁၉ လမ်းအနီး နေသူတစ်ဦးက ပြောသည်။

စစ်ခေါင်းဆောင်သည် ပြင်ဦးလွင်မြို့သို့ လာရောက်မည့်ခရီးစဉ်ပျက်သွားကြောင်း သတင်းများထွက်ပေါ်ပြီးနောက်၊ မန္တလေး မြို့သို့ရောက်ရှိနေကြောင်း ဆက်လက်သတင်း ထွက်ခဲ့ခြင်းဖြစ်သည်။

၎င်းအနေနှင့် မန္တလေးမြို့က စီးပွားလုပ်ငန်းရှင်များနှင့် တွေ့ဆုံရန်ရှိကြောင်းလည်း သတင်းထွက်နေသည်။

အကြမ်းဖက်စစ်ခေါင်းဆောင်သည် ပြီးခဲ့သည့်ဧပြီလ ၁၂ ရက်နေ့ကလည်း၊ ပြင်ဦးလွင်မြို့က တစ်ဆင့်မန္တလေးမြို့ကို ရောက်လာခဲ့သေးပြီး၊ ထိုစဉ်တုန်းကလည်း တစ်မြို့လုံးနီးပါးကို စစ်ကောင်စီတပ်ကလုံခြုံရေးတင်းကျပ်ခဲ့သည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima

#စစ်ခေါင်းဆောင်

#မန္တလေးမြို့

#လုံခြုံရေး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly