ကလေး-တမူးလမ်းမရှိရွာများအား စစ်ကောင်စီတပ်ဖွဲ့ မီးရှို့ဖျက်ဆီး

ကလေး-တမူးလမ်းမရှိရွာများအား စစ်ကောင်စီတပ်ဖွဲ့ မီးရှို့ဖျက်ဆီး

September 20

မဇ္ဈိမ။ ။ စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ကလေး-တမူး အာရှလမ်းမကြီးပေါ်ရှိ ရွာများအား ကားခြောက်စီးပါ စစ်ကောင်စီတပ်ဖွဲ့ ယာဉ်တန်းက စက်တင်ဘာလ ၁၉ရက် မနက် ၈နာရီအချိန်ခန့်တွင် လက်နက်ကြီးဖြင့် ပစ်ခတ်၊မီးရှို့ခဲ့ကြောင်း ဒေသခံများထံက သိရသည်။

အင်အား ၁၀၀ ခန့်ပါ ထိုစစ်ကောင်စီတပ်ဖွဲ့သည် ရန်လင်းဖိုင်ကျေးရွာသို့ အရောက်တွင် လက်နက်ကြီးများဖြင့် အကြောင်းမဲ့ ထိုသို့ ပြုလုပ်ခဲ့ကြောင်း သိရသည်။

"ရွာသုံးရွာ မီးရှို့ဖျက်ဆီးခံခဲ့ရတယ်။ အကြောင်းမဲ့လက်နက်ကြီးနဲ့ပစ်ပြီး မီးဝင်ရှို့တာ။ ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့လည်း အခုချိန်ထိ တိုက်ပွဲဖြစ်နေတယ်"ဟု ဒေသခံတစ်ဦးက ပြောသည်။

စစ်ကောင်စီင ရန်လင်းဖိုင်ကျေးရွာရှိ နေအိမ်လေးအိမ်၊ခွန်မွန်းနွန်ကျေးရွာရှိ နေအိမ်နှစ်အိမ်၊နန်မွန်းတားကျေးရွာရှိ နေအိမ်လေးအိမ်တို့ကို မီးရှို့ဖျက်စီးခဲ့ကြောင်း သိရပြီး ဒေသခံကာကွယ်ရေးတပ်ဖွဲ့များနှင့် တိုက်ပွဲဖြစ်ပွါးလျက်ရှိကာ စစ်ကောင်စီဘက်မှ သေဆုံးမှုအား အတည်မပြုနိုင်သေးပေ။

အဆိုပါကျေးရွာများမှာ ကလေးမြို့နှင့် မိုင်၇၀ခန့်ကွာဝေးပြီး တမူးမြို့နှင့် ၁၅မိုင်ခန့်ကွာဝေးကြောင်း သိရသည်။

စာတည်း။ ။ဖူးသိမ်ကျ

စာမူတည်းဖြတ်။ ။ အောင်ကျော်ဖြိုး

#စစ်ကိုင်းတိုင်း

#ကလေးမြို့နယ်

#စစ်ကောင်စီတပ်

#မီးရှို့ဖျက်ဆီး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly