မြင်းခြံမြို့ တဇောင်းကျေးရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို ကာကွယ်ရေးတပ်ဖွဲ့ ဝင်ရောက်ပစ်ခတ်

မြင်းခြံမြို့ တဇောင်းကျေးရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို ကာကွယ်ရေးတပ်ဖွဲ့ ဝင်ရောက်ပစ်ခတ်

အောက်တိုဘာ ၁၈

မဇ္ဈိမ။ ။ မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ တဇောင်းကျေးရွာအတွင်း တပ်စွဲထားသော စစ်ကောင်စီတပ်နှင့် ပျူစောထီးများအား စက်တင်ဘာလ ၁၆ ရက်နေ့ည ၈နာရီ ၈မိနစ်အချိန်ခန့်တွင် MGN Tiger အဖွဲ့က ဝင်ရောက်ပစ်ခတ်ခဲ့ကြောင်း သိရသည်။

တဇောင်းကျေးရွာတွင် စစ်ကောင်စီတပ်သားကိုးဦးနှင့် ပျူစောထီး ငါးဦးရှိပြီး တပ်စွဲထားသည်မှာ တစ်လခွဲခန့် ကြာမြင့်ပြီဖြစ်ကြောင်း သိရသည်။

"ကျွန်တော်တို့ဝင်ပစ်တော့ ခွေး(စစ်ကောင်စီတပ်သား)လေးကောင်သေတယ်။ ပျူတစ်ကောင်သေတယ်။ အဲ့ထဲမှာ ဗိုလ်တစ်ကောင်ပါတယ်။ ဒဏ်ရာရတဲ့သုံးကောင်ကတော့ သေခြင်းတရားကိုရင်ဆိုင်နေ ရတယ်"ဟု MGN Tiger အဖွဲ့တာဝန်ရှိသူကပြောသည်။

အပြန်အလှန်ပစ်ခတ်မှု နာရီဝက်ခန့် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီမှ ဗိုလ်တစ်ဦးအပါအဝင် လေးဦးသေဆုံးကာ ပျူစောထီးတစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။

ယင်းလုပ်ဆောင်မှုကို MGN Tigerအဖွဲ့၊YSO အဖွဲ့နှင့် Wolf Brother အဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခဲ့ပြီး ကာကွယ်ရေးအဖွဲ့များ အန္တရယ်ကင်းစွာဆုတ်ခွါနိုင်ခဲ့ကြောင်း သိရသည်။

စာတည်း။ ။ ဖူးသိမ်ကျ

စာမူတည်းဖြတ်။ ။ အောင်ကျော်ဖြိုး

#မန္တလေးတိုင်း

#မြင်းခြံမြို့

#စစ်ကောင်စီတပ်ဖွဲ့

#ကာကွယ်ရေးတပ်ဖွဲ့

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly