အင်းယားကန်ဘောင်ရှေ့ရှိ ဧရာဝတီဘဏ်အား ဓားပြတိုက်ခဲ့သူကို ဖမ်းမိထားကြောင်း စစ်ကောင်စီထုတ်ပြန်

အင်းယားကန်ဘောင်ရှေ့ရှိ ဧရာဝတီဘဏ်အား ဓားပြတိုက်ခဲ့သူကို ဖမ်းမိထားကြောင်း စစ်ကောင်စီထုတ်ပြန်

September 3

ရန်ကုန်(မဇ္ဈိမ)။ ။ ရန်ကုန်တိုင်း၊ ကမာရွတ်မြို့နယ်၊ ပြည်လမ်း၊ အင်းယားကန်ဘောင်ရှေ့ရှိ ဧရာဝတီဘဏ်ခွဲ (၂၆) အား ဓားပြတိုက်ခဲ့သူကို အချိန်တိုအတွင်း ဖမ်းမိခဲ့ကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်သည်။

စက်တင်ဘာလ ၂ ရက် မွန်းလွဲ ၂ နာရီ ၃၀ မိနစ်ခန့်က ဧရာဝတီဘဏ်ကို ဓားပြတိုက်ခဲ့သူအား မြကန်သာ (၂) လမ်း၊ အမှတ် (၆၇၈) အနီး ညနေ ၄ နာရီ ၁၅ မိနစ်အချိန်၌ ဖမ်းဆီးရမိကြောင်းနှင့် လုယက်မှုကျူးလွန်သူမှာ လှိုင်မြို့နယ်၊ (၁၃) ရပ်ကွက်၊ သီရိမြိုင်​ (၈) လမ်း၊ တိုက် (၅၉၅) နေ ကိုစိုးသီဟ ၂၉ နှစ််ဆိုသူဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

ထို့ပြင် ၎င်းအားဖမ်းဆီးရာတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် တာဝန်သိပြည်သူများက ပူးပေါင်းပိတ်ဆို့ ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ပါရှိသည်။

ဒေသခံများ၏ပြောကြားချက်အရ ၎င်းအားလာရောက်ဖမ်းဆီးချိန်တွင် စစ်ကားသုံးစီးဖြင့် လမ်းအတွင်းသို့ဝင်ရောက်လာသည့် စစ်ကောင်စီတပ်သားများကသာ ဖမ်းဆီးသွားကြောင်း သိရသည်။

ဓားပြတိုက်မှုကြောင့် ဘဏ်မှ ငွေကြေးတစ်စုံတစါရာ ပါသွားခြင်းမရှိသော်လည်း ဘဏ်ဝန်ထမ်းအမျိုးသမီးတစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

စာတည်း။ ။ ဖူးသိမ်ကျ

စာမူတည်းဖြတ်။ ။ အောင်ကျော်ဖြိုး

#ရန်ကုန်တိုင်း

#အင်းယားကန်

#ဧရာဝတီဘဏ်

#ဓားပြတိုက်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly