မုံရွာမြို့လမ်းမများတွင် စစ်အာဏာရှင်ဆန့်ကျင်ရေးချီတက်ဆန္ဒပြ

မုံရွာမြို့လမ်းမများတွင် စစ်အာဏာရှင်ဆန့်ကျင်ရေးချီတက်ဆန္ဒပြ

ဩဂုတ် ၂၀

မဇ္စျိမ ။ ။စစ်ကိုင်းတိုင်း၊ မုံရွာမြို့ လမ်းမများတွင် စစ်အာဏာရှင်ဆန့်ကျင် ဆန္ဒပြပွဲအား ယနေ့ဩဂုတ်လ ၂၀ရက်နေ့တွင် ပြုလုပ်ကြသည်။

စစ်ကိုင်းတိုင်းကို စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုများ ၊မြေပြင်တိုက်မှုများနှင့် ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်ကို မီးရှို့ဖျက်ဆီးခြင်းများကို ကန့်ကွက် ဆန္ဒပြထုတ်ဖော် ကြသည်။

စစ်ကောင်စီတပ်က မနိုင် နိုင်ရာက အမျိုးမျိုးဖိနှိပ်သော်လည်း ပြည်သူများ၏ တော်လှန်စိတ်က ပြိုလဲသွားမည် မဟုတ်ကြောင်း ကြွေးကြော်သံများ ဟစ်ကြွေးကာ ချီတက်ခဲ့ကြခြင်းဖြစ်သည်။

ယနေ့ပြုလုပ်သော ဆန္ဒပြပွဲအား မုံရွာလူငယ်အစည်းအရုံး ၊ မုံရွာအခြေခံပညာကျောင်းသားသမဂ္ဂနှင့် မုံရွာ တော်လှန်လူငယ်များကွန်ရက်တို့မှ ပူးပေါင်းချီတက်ခဲ့ကြခြင်း ဖြစ်သည်။

စာတည်း။ ။ ဖူးသိမ်ကျ

စာမူတည်းဖြတ်။ ။ သန့်ဇော်(သန်လျင်)

#စစ်ကိုင်းတိုင်း

#မုံရွာမြို့

#စစ်ကောင်စီတပ်ဖွဲ့

#မီးရှို့ဖျက်ဆီး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly