မြင်းခြံတွင် စကစခန့် အုပ်ချုပ်ရေးမှူးနှင့် ပျူစောထီးဆိုသူ ပစ်သတ်ခံရ

မြင်းခြံတွင် စကစခန့် အုပ်ချုပ်ရေးမှူးနှင့် ပျူစောထီးဆိုသူ ပစ်သတ်ခံရ

ဩဂုတ် ၄

မြင်းခြံမြို့တွင် စစ်ကောင်စီခန့်ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ပျူစောထီးဆိုသူတို့ ကျောက်ပြုတ်ကျေးရွာနှင့် လယ်သစ်ကျေးရွာကြားတွင် ဩဂုတ် ၃ ရက်ညပိုင်းက သေနတ်ဖြင့် ပစ်သတ်ခံရကြောင်း သိရသည်။

“ ကျောက်ပြုတ်ကအုပ်ကြီးနဲ့ ပျူတစ်ကောင် မနေ့ကညက ကျောက်ပြုတ်နဲ့ လယ်သစ်ကြားမှာ အသတ်ခံရတာပါ။ ပွဲချင်းပြီးသေတယ် ” ဟု မြင်းခြံမြို့နယ် သတင်းရင်းမြစ်က မဇ္ဈိမသို့ပြောသည်။

အသတ်ခံရသူနှစ်ဦးသည် မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့နယ် ကျောက်ပြုတ်ကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမောင်မြင့်နှင့် လယ်သစ်ကျေးရွာမှ ပျူစောထီးဆိုသူ ဦးမောင်နိုင်တို့ဖြစ်ကြောင်းသိရသည်။

၎င်းတို့ကို သြဂုတ် ၃ ရက် ည ၇ နာရီခန့်တွင် မြင်းခြံမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (Myingyan People Defense Force) က သေနတ်ဖြင့်လေးချက်စီပစ်ခတ် သုတ်သင်ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း သတင်းထုတ်ပြန်ထားသည်။

၎င်းသုတ်သင်ရှင်းလင်းမှုအတွင်း ဗုံးသီးတစ်လုံး၊ ဓားတစ်ချောင်းနှင့် လေးခွတစ်ခုတို့ကို သိမ်းဆည်းရမိခဲ့ကြောင်းလည်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

စာတည်း။ ။ Alden၊ အောင် ကျော် ဖြိုး

#မြင်းခြံ

#အုပ်ချုပ်ရေးမှူး

#ပျူစောထီး

#ပစ်ခတ်ခံရ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required