အထိမ်းသိမ်းခံထားရသော ချင်းလူမျိုး ၆ ဉီးနှင့်ပတ်သက်ပြီး AA နှင့် သဘောတူချက်ရထားပြီးကြောင်း IKACC ထုတ်ပြန်

အထိမ်းသိမ်းခံထားရသော ချင်းလူမျိုး ၆ ဉီးနှင့်ပတ်သက်ပြီး AA နှင့် သဘောတူချက်ရထားပြီးကြောင်း IKACC ထုတ်ပြန်

ဇူလိုင် ၂၅

ချင်းပြည်နယ် ပလက်ဝမြို့တွင်းမှ ရက္ခိုင့်တပ်တော်(AA)က ခေါ်ယူထိန်းသိမ်းထားသူ ချင်းလူမျိုး ခြောက် ဉီးနှင့်ပတ်သက်၍ ညှိနှိုင်းသဘောတူပြီးဖြစ်ကြောင်း ကြားကာလ ခူမီး(ချင်း)မျိုးနွယ်စုများရေးရာပေါင်း စပ်ညှိနှိုင်းရေးကောင်စီ Interim Khumi Affairs Coordination Council (IKACC) က ဇူလိုင်လ ၂၄ ရက် နေ့ကထုတ်ပြန်ထားသည်။

၂၀၂၂ ခုနှစ် ဇွန်လအတွင်းက ချင်းပြည်နယ် ပလက်ဝမြို့နယ်အတွင်း ထိန်းသိမ်းထားသူများအနက် ချင်းလူမျိုးခြောက်ဉီးနှင့်ပတ်သက်၍ AA တာဝန်ရှိသူများနှင့်ဆက်သွယ်ပြီး ၎င်းတို့၏မိသားစုဝင်များနှင့် တွေ့ဆုံလိုက တွေ့ဆုံနိုင်ရေးညှိနှိုင်းနိုင်ခဲ့ကြောင်း ဆိုသည်။

ထို့အပြင် အဆိုပါ ထိန်းသိမ်းခံရသူများအား သင့်တင့်လျောက်ပတ်သည့်အချိန်တွင် ပြန်လွှတ် ပေးနိုင်ရေး အတွက်လည်း သဘောတူပြီးဖြစ်ကြောင်း ဖော်ပြထားသည်။

နောင်တွင် ပလက်ဝမြို့နယ်အတွင်းနေထိုင်သည့် ဒေသခံပြည်သူများအနေဖြင့် စစ်ကောင်စီလက် အောက်ခံအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ခြင်း၊ သတင်းပေးခြင်းတို့ကို လုံးဝ(လုံးဝ) ပြုမူဆောင် ရွက်ခြင်းမပြုလုပ်ကြရန် တင်းကျပ်စွာသတိပေးလိုက်ကြောင်းဆိုသည်။

ဇွန်လအတွင်း ပလက်ဝမြို့နယ်တွင် ဒေသခံပြည်သူ ၁၅ ဉီးထက်မနည်းအား ရက္ခိုင့်တပ်တော်မှ မကြာ ခဏ ခေါ်ယူထိန်းသိမ်းမှုပြုလုပ်လျက် ရှိကြောင်း ဇူလိုင်လ ၇ ရက်နေ့က IKACC မှထုတ်ပြန်ထားသည်။

ယခုကဲ့သို့ ချင်းလူမျိုးခြောက်ဉီးအတွက် ညှိနှိုင်းသဘောတူညီချက်ရကြောင်းသိရှိရသော်လည်း ကျန် အထိန်းသိမ်းခံများ၏ အခြေအနေများကို မဇ္စျိမ အနေဖြင့် သိရှိနိုင်ခြင်းမရှိသေးပေ။

ဇွန်လအတွင်းက အထိမ်းသိမ်းခံခဲ့ရသော ဒေသခံပြည်သူများသည် သာမန်အရပ်သူအရပ်သားများဖြစ်ပြီး AA မှ ခေါ်ယူထိန်းသိမ်းစစ်ဆေးမှုပြုလုပ်ရသည်အထိဆောင်ရွက်ရန် လိုအပ်သူများမဟုတ်ကြောင်း ဆို သည်။

ကြားကာလ ခူမီး(ချင်း)မျိုးနွယ်စုများရေးရာပေါင်းစပ်ညှိနှိုင်းရေးကောင်စီသည် စစ်အာဏာရှင်စနစ် ဆန့် ကျင်တိုက်ဖျက်ရေး၊ ဖက်ဒရယ်ဒီမိုကရေစီစနစ်တည်ဆောက်ရေးနှင့် ပလက်ဝမြို့နယ်လွတ်မြောက်ရေး အတွက်တိုက်ပွဲဝင်နေသည့် ကြားကာလချင်းအမျိုးသားနိုင်ငံရေးအဖွဲ့အစည်းတစ်ရပ်ဖြစ်ကြောင်း ထုတ် ပြန်ချက်တွင်ဖော်ပြပါရှိသည်။

#Mizzima

#ချင်းပြည်နယ်

#ပလက်၀မြို့နယ်

#Interim_Khumi_Affairs_Coordination_Council(IKACC)

#ခူမီး

#ရက္ခိုင့်တပ်တော်(AA)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly