စစ်ကောင်စီက ရှုံးမဲ မဲနေသည့်အချိန်ဖြစ်သည့်အတွက် ပြည်သူများ ခရီးသွားလာမှုဆင်ခြင်ရန် ရက္ခိုင့်တပ်တော် (AA) သတိပေး

စစ်ကောင်စီက ရှုံးမဲ မဲနေသည့်အချိန်ဖြစ်သည့်အတွက် ပြည်သူများ ခရီးသွားလာမှုဆင်ခြင်ရန် ရက္ခိုင့်တပ်တော် (AA) သတိပေး

ဇူလိုင် ၂၂

လက်ရှိအချိန်၌ စစ်ကောင်စီစစ်တပ်သည် မြန်မာနိုင်ငံ၏ နေရာအနှံတွင် ရှုံးမဲ မဲနေသည့် အချိန်ဖြစ်သည့် အတွက် ရခိုင်ပြည်သူများအနေဖြင့် အရေးပေါ်အခြေအနေမှလွဲပြီးခရီးမသွားကြရန် ရက္ခိုင့်တပ်တော်(AA)  က ဇူလိုင်လ ၂၁ ရက်နေ့တွင် ထုတ်ပြန်ချက်တစ်စောင်ထုတ်ပြန်ပြီး အသိပေးလိုက်သည်။

ရခိုင်ပြည်သူများအနေဖြင့် မလွှဲသာမရှောင်သာသည့်အချိန်၌ ခရီးသွားရာတွင်လည်း မိမိတို့၏ ဖုန်း၊ ကွန် ပျူတာစသည့်တို့ကို ရှင်းလင်းပြီးမှသွားရန်နှင့် ညအိပ်စက်သည့်အချိန်တွင်လည်း လုံခြုံရေးဖြင့် အိပ်စက် ကြရန် အလေးအနက်တိုက်တွန်းကြောင်း ထုတ်ပြန်ချက်က ဆိုသည်။

“ ခရီးသွား မိဘပြည်သူများအနေဖြင့် ယခုရက်များအတွင် နာရေး၊ ကျန်းမာရေး၊ သေရေးရှင်းရေးကိစ္စ များမှလွဲ၍ မလွှဲမရှောင်သာသည့် အခြေအနေများတွင်သာ ခရီးသွားလာရန်၊ မတတ်သာ၍ ခရီးသွားလာ ပါကလည်း ကွန်ပျူတာ၊ ဖုန်း၊ Tablet စသည့် ဆက်သွယ်ရေးကိရိယာများကို စနစ်တကျ ရှင်းလင်းပြီးမှ သွားလာကြရန်နှင့် ညအချိန်မျာတွင်လည်း လုံခြုံရေးဖြင့်  အိပ်စက်ပြီး၊ စစ်ကောင်စီမှ ဖမ်းဆီးတရားစွဲ တင်နိုင်လောက်သည့် အထောက်အထားဖြစ်စေမည့် စာအုပ်စာတမ်းများ အမှတ်အသား သင်္ကေတများ ထားရှိမူကို အထူးသတိပြုကြပါရန် အလေးအနက် တိုက်တွန်းအပ်ပါသည်” ဟု ရခိုင်ဘာသာဖြင့် ရေးသား ထားခြင်းဖြစ်သည်။

စစ်ကောင်စီက ရှုံးမဲ မဲနေသည့်အချိန်ဖြစ်ကာ စစ်ဆေးရေးဂိတ်များဖွင့်လှစ်ပြီး ခရီးသွားပြည်သူများ ပိုင် ဆိုင်သည့် ဖုန်း၊ ကွန်ပျူတာ စသည့် ဆက်သွယ်ရေးကိရိယာများကို အတင်းသိမ်းနေကြောင်းလည်း ဆို သည်။

“ ရက္ခိုင့်ဒေသအတွင်းမှာ ရှုံးမဲ မဲနေသည့် မြန်မာစစ်တပ်သည် ပြည်သူလူထုကို ဒုက္ခပေးလို၍ ကုန်းလမ်း၊ ရေလမ်းများတွင် စစ်ဆေးရေးဂိတ်များဖွင့်လှစ်ကာ ခရီးသွားပြည်သူလူထု၏ ဖုန်း၊ ဆိုင်ကယ်၊ ကားများကို အကြောင်းအမျိုးမျိုးပြ စစ်ဆေးမှုများပြုလုပ်ပြီး လူဖမ်းပွဲများကျင်းပလျက်ရှိသကဲ့သို့ ညအချိန်များတွင် လည်း အပြစ်မဲ့အရပ်သားပြည်သူများအား အပြစ်မရှိအပြစ်ရှာပြီးဖမ်းဆီးခြင်းများကို ဗြောင်ကျကျ ကျူး လွန်လျက်ရှိသည်”ဟု ထုတ်ပြန်ချက်က ဆိုသည်။

စစ်ကောင်စီအနေဖြင့်  ၎င်းတို့ စစ်ရေးရှုံးနိမ့်သည့်အချိန်ဖြစ်စေ၊ စစ်ရေးအခက်အခဲကြုံသည့်အခါဖြစ်စေ ပြည်သူများအား အငြိုးအတေးကြီးမားစွာဖြင့် သတ်ဖြတ်ခြင်း၊ မတရားဖမ်းဆီးခြင်း၊ ရပ်ရွာများနှင့် ဘုန်း ကြီးကျောင်း၊ ခရစ်ယာန်ဘုရားရှိခိုးကျောင်းများပါမကျန် မီးရှို့ဖျက်ဆီးခြင်း၊ ဗုံးကြဲတိုက်ခိုက်ခြင်းများကို ယခင်အတိုင်းလုပ်ဆောင်နေကြောင်း  ရက္ခိုင့်တပ်တော် AA က ပြောဆိုထားသည်။
#ရခိုင်ပြည်နယ်
#ရက္ခိုင့်တပ်တော်AA
#ခရီးသွားလာမှုဆင်ခြင်ရန်မဲ
#စစ်ကောင်စီ
#ရှုံးမဲမဲ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required