ပုသိမ်ကြီးမြို့နယ်အတွင်း မီတာပုံးများလိုက်ဖြုတ်သည့် စစ်ကောင်စီနှင့်အဖွဲ့ ဗုံးပစ်ခံရပြီး စစ်သားနှင့် မီတာဖတ်စာရေး ဒဏ်ရာအပြင်းအထန်ရ

ပုသိမ်ကြီးမြို့နယ်အတွင်း မီတာပုံးများလိုက်ဖြုတ်သည့် စစ်ကောင်စီနှင့်အဖွဲ့ ဗုံးပစ်ခံရပြီး စစ်သားနှင့် မီတာဖတ်စာရေး ဒဏ်ရာအပြင်းအထန်ရ

ဇူလိုင် ၂၂

မန္တလေးတိုင်း ပုသိမ်ကြီးမြို့နယ်အတွင်း လျှပ်စစ်မီတာပုံးများလိုက်ဖြုတ်နေသောစစ်ကောင်စီနှင့်အဖွဲ့ ယနေ့နံနက်ပိုင်းက ဗုံးနှစ်ကြိမ်ပစ်ခံရပြီး စစ်သားတစ်ဦးနှင့် မီတာဖတ်စာရေးတစ်ဦးတို့ ဒဏ်ရာအပြင်းအထန်ရသွားကြောင်းသိရသည်။

“မီတာရုံးစာရေးတွေက စစ်သားအခြံအရံနဲ့၊ မီတာတွေ နေ့တိုင်းလာလာဖြုတ်နေတာလေ၊ ဒီနေ့တော့ အထုခံလိုက်ရတယ်၊ စစ်သားတစ်ကောင်နဲ့မီတာစာရေးတစ်ကောင်ထိတယ်၊ မီတာစာရေးက နှစ်ယောက်ထိတာလို့လည်းပြောနေကြတယ်၊ ဆေးရုံကားနှစ်စီးသုံးစီးနဲ့ကို လာသယ်သွားတာဆိုတော့ တခြားထိခိုက်တာတွေလည်းရှိမယ်ထင်တယ်” ဟု ပုသိမ်ကြီးဒေသခံတစ်ဦးကပြောသည်။

မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ် ရန်ကင်းတောင်သွား ကားလမ်းဘေး ဦးလှထွန်းကင်ဆာဆောင်ဒေးရှင်းရုံးအနီး ယနေ့ဇူလိုင် ၂၂ ရက်နံ နက် ၉ နာရီ၀န်းကျင်ခန့်က ၎င်းအဖွဲ့ ဗုံးပစ်ခံရခြင်း ဖြစ်သည်။

အဆိုပါဖြစ်စဉ်တွင် အနီးအနားရှိသော ရဟန်းတော်တစ်ပါးလည်း ဗုံးစအနည်းငယ်ထိမှန်ခံလိုက်ရကြောင်း သိရသည်။

မည်သည့်အဖွဲ့က လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း လတ်တလောမသိရသေးသော်လည်း၊ ပုသိမ်ကြီးမြို့နယ် ရန်ကင်းတောင်သွားကားလမ်းအား စစ်ကောင်စီ တပ်ဖွဲ့က ပိတ်ဆို့ပြီး လမ်းသွားလမ်းလာများအား စစ်ဆေးရေးတင်းကျပ်ထားသည်ကို တွေ့ရသည်။

#mizzima

#မန္တလေးတိုင်း

#ပုသိမ်ကြီးမြို့နယ်

#ဗုံးပစ်ခံရ

#လျှပ်စစ်မီတာပုံး

#အပြင်းအထန်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly