မော်လမြိုင်တွင် အုတ်တံတိုင်းပြိုကျမှုကြောင့် လက်ဖက်ရည်ဆိုင်ထိုင်နေသည့် လူ ၅ ဦး သေဆုံး

By ကိုရွှေမြိတ်
22 July 2022
မော်လမြိုင်တွင် အုတ်တံတိုင်းပြိုကျမှုကြောင့် လက်ဖက်ရည်ဆိုင်ထိုင်နေသည့် လူ ၅ ဦး သေဆုံး

ဇူလိုင် ၂၂

မွန်ပြည်နယ်၊ မော်လမြိုင်မြို့ အထက်လမ်းမကြီး အထက (၅) ကျောင်းဘေးရှိ အုတ်တံတိုင်းပြိုကျမှုကြောင့် လူ ငါး ဦး သေဆုံးခဲ့ကြောင်း သိရသည်။

ယနေ့ ဇူလိုင်လ ၂၂ ရက်နေ့ နံနက် ၉ နာရီ ၃၀ မိနစ်ခန့်က မိုးရွာသွန်း၍ အုတ်တံတိုင်း ပြိုကျမှုကြောင့် ကျောင်းအနီးရှိ လက်ဖက်ရည်ဆိုင်တွင် လက်ဖက်ရည်သောက်နေသည့် လူ ငါးဦး ထိခိုက် သေဆုံးခဲ့ခြင်းဖြစ်သည်။

အဆိုပါ အုတ်တံတိုင်းပြိုကျမှုကြောင့် လူ ငါးဦး သေဆုံး၍ တစ်ဦးကို ဆေးရုံသို့ အရေးပေါ်ပို့ဆောင်ပေး နိုင်ခဲ့ကြောင်း ကယ်ဆယ်ရေး အဖွဲ့များထံက သိရသည်။

အုတ်တံတိုင်း ပြိုကျမှုကြောင့် လက်ဖက်ရည်ဆိုင်တွင် ထိုင်နေသူများ သေဆုံးခဲ့ သည့်အပြင် ကျောင်းနံဘေးရှိ ဈေးဆိုင်ခန်း ပျက်စီးခဲ့ကြောင်း ဒေသခံများက ပြောကြား သည်။

#Mizzima

#မွန်ပြည်နယ်

#မော်လမြိုင်

#အုတ်တံတိုင်း

#ပြိုကျ

#ငါးဦးသေဆုံး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly