စစ်လက်နက်များ ထောက်ပံ့ခြင်းဖြင့် ရုရှက စစ်ကောင်စီနှင့် အနီးကပ် ပူးပေါင်းနေ 

စစ်လက်နက်များ ထောက်ပံ့ခြင်းဖြင့် ရုရှက စစ်ကောင်စီနှင့် အနီးကပ် ပူးပေါင်းနေ 

ဇူလိုင် ၂၂

မြန်မာနိုင်ငံ၏ သွေးထွက်သံယိုများသော အကျပ်အတည်းကို ပြေလည်အဆုံးသတ်စေရေးအတွက် “လွယ်ကူ လျင်မြန်သော ဖြေရှင်းနည်း” မရှိကြောင်း အာဆီယံအထူးသံတမန်က ကြာသပတေးနေ့တွင် ပြောကြားလိုက်သည်။

ယမန်နှစ်က စစ်တပ်က အာဏာသိမ်းပြီး အရပ်သားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အစိုးရကို ဖြုတ်ချခဲ့ပြီးနောက် နိုင်ငံသည် ဝရုန်းသုန်းကား အခြေအနေအောက် ကျရောက်နေခဲ့ပြီး အာဏာသိမ်းစစ်တပ်အပေါ် အပြင်းအထန် ဆန့်ကျင်မှုများနှင့် လက်နက်စွဲကိုင် တော်လှန်မှုများ ဖြစ်ပေါ်ထားခဲ့သည်။

အာဏာသိမ်းစစ်တပ်က ယင်းကို ဆန့်ကျင်အတိုက်အခံပြုမှုအပေါ် ဖိနှိပ်ရန် ကြိုးပမ်းစဉ် အာဏာသိမ်းစစ်တပ်လက်ချက်ကြောင့် ပြည်သူ ၂,၀၀၀ ကျော် သေဆုံးပြီး လူ ၁၅,၀၀၀ နီးပါး ဖမ်းဆီးထိန်းသိမ်းခံထားရကြောင်း ပြည်တွင်း စောင့်ကြည့်လေ့လာရေးအဖွဲ့တစ်ခုက ပြောသည်။

အကျပ်အတည်းအတွက် အမြန် ဖြေရှင်းနည်းလမ်း မရှိဟု အာဆီယံ အထူးသံတမန် ပရက်ခ် ဆော့ခွန်းက သတိပေးသည်။

“မြန်ဆန်တဲ့ ဖြေရှင်းနည်းတွေ မြင်တွေ့ချင်နေသူတွေကိုတော့ အဲဒါမျိုး ဖြေရှင်းနည်း မရှိဘူးလို့ဘဲ ကျွန်တော် ပြောပါရစေ” ဟု ၎င်းက စင်္ကာပူအခြေစိုက် think-tank အဖွဲ့ ISEAS-Yusof Ishak အင်စတီကျူ့က စီစဉ်သော ဖိုရမ်တစ်ခုကို အွန်လိုင်းမိန့်ခွန်းတစ်ခု ပြောကြားစဉ် အထက်ပါအတိုင်း ထည့်သွင်း ပြောကြားခဲ့သည်။

“ဒီနေရာမှာ စိတ်ရှည်သည်းခံမှုက အကျိုးသက်ရောက်တဲ့ စကားလုံး ဖြစ်ပါတယ်။ ဖြတ်လမ်းနည်း မရှိပါဘူး။ ဘာမှော်ကြိမ်လုံးမှ မရှိသလို အထူး ပြဒါးရှင်လုံးမျိုးလည်း မရှိပါဘူး”

၎င်းတို့ ကမ္ဘောဒီးယားနိုင်ငံတွင်လည်း ၁၉၇၉ ခုနှစ် ခမာနီ အစိုးရကို ဖြုတ်ချပြီးနောက် ငြိမ်းချမ်းရေး အောင်မြင်စွာ ရရှိနိုင်ရန် နှစ် ၂၀ အချိန်ယူခဲ့ရသည်ဟု အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ ကမ္ဘောဒီးယား၏ နိုင်ငံခြားရေးဝန်ကြီး ပရက်ခ် ဆော့ခွန်းက ပြောသည်။

“ငြိမ်းချမ်းရေး ဆွေးနွေးမှုဆိုတာ အချိန်၊ စိတ်ရှည်မှုနဲ့ သက်ဆိုင်ပတ်သက်သူအားလုံးရဲ့ လိုက်လျောမှုတွေ လိုအပ်ပါတယ်။ ရှိရင်းစွဲ အကျိုးတရား ကွဲပြားမှုတွေကြောင့် ငြိမ်းချမ်းရေး ဆွေးနွေးမှုတစ်ခုဟာ အချိန်ရှည်ကြာတဲ့ ညှိနှိုင်းမှု လုပ်ငန်းစဉ်တစ်ခု ဖြစ်ပါတယ်” ဟု ၎င်းက ပြောသည်။

ဇွန် ၂၉-ဇူလိုင် ၃ ရက် ၎င်း၏ ဒုတိယမြောက် မြန်မာနိုင်ငံ ခရီးစဉ်တွင် “အားတက်စရာ ရလဒ်များ” ကို ပြသနိုင်ခဲ့ကြောင်းနှင့် COVID-19 ကာကွယ်ဆေးများ အပါအဝင် လူသားချင်းစာနာမှု အကူအညီအချို့အတွက် လမ်းခင်းပေးနိုင်ခဲ့ကြောင်း ၎င်းက ပြောသည်။

အစိုးရ အစားထိုးရန် ရည်ရွယ်ချက် မရှိပါဟု ပြောရန် လိုအပ်သည့် အခြေအနေ အပါအဝင် အခြေအနေတစ်ချို့အောက်တွင် စစ်ကောင်စီက “အကြမ်းဖက်သမားများ” အဖြစ် ထုတ်ဖော်ထားသည့် အုပ်စုအဖွဲ့များနှင့်လျင်ပင် နိုင်ငံရေး ဆွေးနွေးမှုအတွက် နေရာသစ်တစ်ခု ဖွင့်လှစ်နိုင်ခဲ့ကြောင်း ၎င်းက ပြောသည်။

ထို့ပြင် ၎င်းအနေဖြင့် လက်ရှိ အကျဉ်းချခံထားရသည့် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ခွင့်မရသော်ငြား ရှေ့ကာလ အနာဂတ်တွင် တွေ့ကောင်း တွေ့နိုင်သည်ဟု ၎င်းအား ကတိပြုထားကြောင်း အာဆီယံသံတမန်က ပြောသည်။

“အမျိုးသား ညီညွတ်ရေး အစိုးရ” အဖွဲ့၏ ခေါင်းဆောင်များနှင့် ထိတွေ့ဆက်ဆံရေး ၎င်းအား တောင်းဆိုပြောကြားနေမှုများနှင့် ပတ်သက်ပြီး ဆော့ခွန်းက ပြောကြားရာတွင် “နိုင်ငံရေး ဆွေးနွေးမှုအတွက် အရေးပါသည်ဟု ယူဆရသည့် ဤသက်ဆိုင်သူများနှင့် မိမိတို့ မည်သည့်နေရာတွင် သို့မဟုတ် မည်သည့်အချိန် သို့မဟုတ် မည်ကဲ့သို့ ထိတွေ့ဆက်ဆံသလဲ သို့မဟုတ် မည်သူနှင့် ထိတွေ့ဆက်ဆံသလဲ ဆိုသည်နှင့်ပတ်သက်ပြီး မိမိတို့အနေဖြင့် အတွင်း စကားကို မောင်းခတ် ကြေညာရန် မလိုပါ” ဟု ဆော့ခွန်းက ပြောသည်။

ညှိနှိုင်းဆွေးနွေးမှုများကို အများအားဖြင့် ပိပိရိရိ သို့မဟုတ် လျှို့ဝှက် လုပ်ဆောင်သည်ဟု ၎င်းက ပြောသည်။

ထို့ပြင် ၎င်းအနေဖြင့် စက်တင်ဘာလတွင် မြန်မာသို့ တတိယအကြိမ် လာရောက်ရန် မျှော်လင့်ထားကြောင်း ဗုဒ္ဓဟူးနေ့က စင်္ကာပူသတင်းဌာန CNA နှင့် အင်တာဗျူးတစ်ခုတွင် ဆော့ခွန်းက ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required