စစ်ကိုင်းတိုင်းအတွင်းရှိ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးများနုတ်ထွက်ကြရန် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တိုက်တွန်း

By မေဘယ်လ်သူ
15 July 2022
စစ်ကိုင်းတိုင်းအတွင်းရှိ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးများနုတ်ထွက်ကြရန် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တိုက်တွန်း

ဇူလိုင် ၁၅

စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ အကြမ်းဖက်စစ်ကောင်စီလက်အောက်တွင် တာဝန်ထမ်းဆောင်နေ သည့် အဆင့်ဆင့်သော အုပ်ချုပ်ရေးတာဝန်ယူနေသူအားလုံး နုတ်ထွက်ကြရန် အမျိုးသားညီညွတ်ရေး အစိုးရ ကာကွယ်ရေးဝန်ကြီးဌာန ပြည်သူ့ကာကွယ်ရေးအဖွဲ့များက တိုက်တွန်းထားသည်။

ဇူလိုင်လ ၁၀ ရက်နေ့မှစ၍ သက်ဆိုင်ရာခရိုင်အလိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက အဆိုပါ ကြေညာချက်ကို အသီးသီးထုတ်ပြန်ခဲ့ရာ ကောလင်းခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) အဖွဲ့က လည်း ဇူလိုင်လ ၁၄ ရက်တွင် ကြေညာခဲ့သည်။

စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးများနုတ်ထွက်ကြရန်ညွှန်ကြားခဲ့သည့် စစ်ကိုင်းတိုင်းအတွင်းရှိ ခရိုင်များ မှာ စစ်ကိုင်း၊ မုံရွာ၊ ခန္တီး၊ မော်လိုက်၊ တမူး၊ ကောလင်း ၊ ကသာ၊ ရွှေဘိုစသည့် ခရိုင်များဖြစ်သည်။

“ညွှန်ကြားချက်များအား လိုက်နာခြင်းမပြုပါက အကြမ်းဖက်ယန္တရားတွင် ကိုယ်တိုင် ကာယကံမြောက် ပါဝင်ကာ ပြည်သူ့အသက်အိုးအိမ်စည်းစိမ်ကို နှောင့်ယှက်ဖျက်ဆီးသူများဟုမှတ်ယူလျက် အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေအပါအဝင် တည်ဆဲဥပဒများနှင့်အညီ ပြင်းထန်စွာအရေးယူဆောင်ရွက်မည်” ဟု ကြေညာချက်ထုတ်ပြန်ခဲ့သည့် ခရိုင်အားလုံးက သတိပေးထားသည်။

အမျိုးသားညီညွတ်ရေးအစိုးရသည် စစ်ကိုင်းတိုင်းအတွင်းရှိ ကျေးရွာ၊ ရပ်ကွက်၊ မြို့နယ်နှင့် ခရိုင်အဆင့် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များကို ဖွဲ့စည်းတာဝန်ပေးလျက်ရှိရာ ပြည်သူ့အုပ်ချုပ်ရေးယန္တရားစတင်လည် ပတ်လျက်ရှိကြောင်း ဖော်ပြထားသည်။

စစ်ကိုင်းတိုင်းရှိဒေသများတွင် ပြည်သူ့ကာကွယ်ရေးတပ်(PDF)နှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့များ စိုးမိုး ထားနိုင်ပြီဖြစ်ပြီး အချို့ဒေသတွင် အမျိုးသားညီညွတ်ရေးအစိုးရက အခွန်ကောက်ခြင်း၊ ကျောင်းဖွင့်ခြင်း အပါအဝင် အုပ်ချုပ်ရေးယန္တရား လည်ပတ်နိုင်နေပြီဖြစ်သည်။

#Mizzima

#စစ်ကိုင်းတိုင်း

#အုပ်ချုပ်ရေးမှူး

#နုတ်ထွက်

#ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly