ဖားကန့်တွင် ဆန္ဒပြပြီးပြန်လာသူ ၈ဦး အဖမ်းခံရ

ဖားကန့်တွင် ဆန္ဒပြပြီးပြန်လာသူ ၈ဦး အဖမ်းခံရ

ဇူလိုင် ၁၄

ကချင်ပြည်နယ် ဖားကန့်မြို့နယ်တွင် ဆန္ဒထုတ်ဖော်ပြီးပြန်လာသူရှစ်ဦးကို စစ်ကောင်စီ၏ လက်နက်ကိုင် တပ်ဖွဲ့များက ဇူလိုင်လ ၁၃ ရက်နေ့ ညနေပိုင်းတွင် ဖမ်းဆီးခဲ့သည်ဟု သပိတ်ကော်မတီများထံမှ သိရ သည်။

ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာရှိ မှော်စုံလှည့်လူထုသပိတ်မှ ယမန်နေ့ ဇူလိုင်လ ၁၃ ရက် ညနေပိုင်းကပြု လုပ်ခဲ့သည့် လူထုသပိတ်အပြီးအိမ်ပြန်လာစဥ် အမျိုးသမီးခုနစ်ဦးနှင့် အမျိုးသားတစ်ဦးကို ဆိပ်မူ (ဆိုင်း တောင်)တွင် ပိတ်ဆို့ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း ဦးဆောင်သပိတ်ကော်မတီဝင်တစ်ဦးက ပြောသည်။

“မနေ့ညနေက ဆန္ဒဖော်ထုတ်ပြီးအပြန်လိုက်ပို့နေတဲ့အချိန် ဆိပ်မူ(ဆိုင်းတောင်)မှာ သူတို့က ကားကိုပိတ် ဆို့ပြီးဖမ်းဆီးလိုက်တာလို့ သိရတယ်။ အခုတော့ ကျနော်တို့လည်း သူတို့ရဲ့ နောက်ဆက်တွဲအခြေအနေ တွေကို စုံစမ်းနေတုန်းပဲ” ဟု သတင်းရင်းမြစ်က ဆိုသည်။

ကနဦး စုံစမ်းသိရှိရချက်အရ ဖမ်းဆီးခံရသူ ဒေသခံပြည်သူရှစ်ဦးကို ဖားကန့်ဗျုဟာကုန်းသို့ ပို့ဆောင်ထား ကြောင်း ၎င်းသတင်းရင်းမြစ်က ဆိုသည်။

ဖားကန့်ဒေသမှလူထုသပိတ်စစ်ကြောင်းများမှာ ကချင်ပြည်နယ်တွင် ယနေ့အချိန်ထိ အရှိန်အဟုန် ကောင်းကောင်းဖြင့် ချီတက်ဆန္ဒဖော်ထုတ်နေဆဲဖြစ်သည်။

#Mizzima

#ကချင်ပြည်နယ်

#ဖားကန့်မြို့နယ်

#မှော်စုံလှည့်လူထုသပိတ်

#ပိတ်ဆို့ဖမ်းဆီး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly