တမူးမြို့တွင် ရာအိမ်မှူးကို သတိပေးရာ တိုက်ခိုက်ရန် အားထုတ်သဖြင့် ရှင်းလင်းခဲ့ရ ဟု ကာကွယ်ရေးတပ်ဖွဲ့ဆို

တမူးမြို့တွင် ရာအိမ်မှူးကို သတိပေးရာ တိုက်ခိုက်ရန် အားထုတ်သဖြင့် ရှင်းလင်းခဲ့ရ ဟု ကာကွယ်ရေးတပ်ဖွဲ့ဆို

ဇူလိုင် ၁၁

စစ်ကိုင်းတိုင်း တမူးမြို့တွင် ရပ်ကွက်ရာအိမ်မှူး တစ်ဦးအား သတိပေးရန် သွားရောက်သည့် ကာကွယ်ရေးတပ်ဖွဲ့များအား တိုက်ခိုက်ရန် ကြိုးစားသဖြင့် ရှင်းလင်းခဲ့ရကြောင်း ကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရှိရသည်။

ဇွန်လိုင်လ ၈ရက် ည ၁၀နာရီခန့်အချိန်တွင် တမူးမြို့မ ၁၂/က ရပ်ကွက်မှ ရာအိမ်မှူး ကိုအောင်ရွှေအား ၎င်းလုပ်ကိုင်ဆောင်ရွက်နေမှုများအား တားမြစ်သတိပေးရန် သွားရောက်စဉ် တိုက်ခိုက်ရန်ကြိုးစားခဲ့သဖြင့် ရှင်းလင်းခဲ့ရခြင်းဖြစ်ကြောင်း ဆိုသည်။

“ရပ်ကွက်ထဲမှာ လူမနေတဲ့ အိမ်တွေမီတာဘောက်တွေနဲ့ မီးတာမဆောင်တဲ့ အိမ်တွေ မီးဖြတ်ပြီး မီးတာဘောက်တွေကိုဖြုတ်ပြီး ပြန်ရောင်းစားနေတာ နောက်ပြီး ပျူစောထီးအဖွဲ့ ဖွဲ့ဖို့လည်း စည်းရုံးလုပ်ဆောင်နေတယ်” ဟု ရှင်းလင်းရေးရာတွင် ပါဝင်ခဲ့သည့် ကာကွယ်ရေးတပ်သား တစ်ဦးမှ ပြောသည်။

အဆိုပါ မီတာဘောက်များကို ယခင်က ၃၀၀,၀၀၀ ဖြင့် ရောင်းချခဲ့ပြီး ယခုလတ်တလော အား ဖြင့် ၁၅၀,၀၀၀ ဖြင့် ရောင်းချနေကြောင်း ရာအိမ်မှူးမှ သေနတ်ဖြင့် ပြန်လည်ပစ်ခတ်ရန် အားထုတ်သဖြင့် ရှင်းလင်းခဲ့ရကြောင်းဆိုသည်။

ဇူလိုင်လ ၅ရက်နေ့ တမူးမြို့ စော်ဘွားရပ်ကွက် အမှတ်(၄) ကျောင်းအနီးတွင် အိန္ဒိယ နိုင်ငံသား နှစ်ဦးအသတ်ဖြတ်ခံရပြီးနောက် သတ်ဖြတ်သူများမှာ ပျူးစောထီး အဖွဲ့ဝင်များ ဖြစ်ကြောင်း ကာကွယ်ရေးတပ်ဖွဲ့များမှ နာမည်နှင့် တကွ ထုတ်ဖော် ကြေညာခဲ့ကြသည်။

တမူးခရိုင် ပန်းသာရွာတွင်လည်း စစ်ကောင်စီတပ်မှ အင်အားဖြည့်တင်းထားပြီး ပန်းသာရွာ စာသင်ကျောင်းတွင် အသက် ၂၀ ဝန်းကျင်လူငယ်များအား စစ်သင်တန်းပေးလျက်ရှိကြောင်း ကာကွယ်ရေးတပ်ဖွဲ့ဝင်များထံမှ သိရသည်။

ယင်းပျူစောထီးတပ်ဖွဲ့များအား မောင်းပြန်သေနတ်များ ထပ်မံဖြည့်တင်းတပ်ဆင်ထားပြီး စစ်ဘေးရှောင်ပြည်သူများ၏ နေအိမ်များအား ဖောက်ထွင်းဝင်ရောက်ကာ ပစ္စည်းများသိမ်းယူပြီး အချင်းချင်းဝေငှလျက်ရှိနေကြောင်း သိရှိရသည်။

#mizzima

#တမူးခရိုင်

#ပျူစောထီးတပ်ဖွဲ့များ

#ရှင်းလင်း

#ပစ္စည်းများသိမ်းယူ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly