အင်းတော်မြို့နယ်တွင် ဒေသကာကွယ်ရေးတပ်ဖွဲ့မှ ၇၂ သိန်းကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများဖမ်းမိ

အင်းတော်မြို့နယ်တွင် ဒေသကာကွယ်ရေးတပ်ဖွဲ့မှ ၇၂ သိန်းကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများဖမ်းမိ

ဇူလိုင် ၁၁

စစ်ကိုင်းတိုင်း၊ ကသာခရိုင်၊ အင်းတော်မြို့နယ် မော်လူးဒေသတွင် ဒေသကာကွယ်ရေးတပ်ဖွဲ့မှ ကျပ် ၇၂ သိန်းကျော်တန်ဖိုးရှိသည့် မူးယစ်ဆေးဝါးများကို ဇူလိုင်လ ၉ ရက်နေ့ ညနေပိုင်း၌ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

“ ဆေးရောင်းတဲ့အိမ်ကို ဝင်ဖမ်းတာဗျ၊ ဖိုးတစ်မျိုးပဲ။ ဆေးတန်းဖိုးက ၇၂ သိန်းကျော်ဗျ။ ဖမ်းတော့ အဲ့အိမ်အဆက်နဲ့ လက်ကားရောင်းတဲ့သူတွေကို တစ်ဆင့်ပြန်ဖမ်းခဲ့တာပါ ” ဟု မော်လူးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ဖမ်းဆီးရမိသည့်မူးယစ်ဆေးဝါးများကို မီးရှို့ဖျက်ဆီးခဲ့ပြီး ရောင်း၊ ဝယ်သူများကိုလည်း အထူးသတိပေးဆုံးမကာ ပြန်လွှတ်ပေးခဲ့သည်ဟု မော်လူးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ထံမှ သိရသည်။

အင်းတော်မြို့နယ်အတွင်း မူးယစ်ဆေးဝါးများ ရောင်းဝယ်မှုထံမံမပြုလုပ်ရန်နှင့် ပိုမိုဆိုးရွားလာပါက ပြင်းထန်သည့်ပစ်ဒဏ်များ ချမှတ်သွားမည်ဟုလည်း မော်လူးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ သတိပေး ထားသည်။

#မော်လူးဒေသ

#အင်းတော်မြို့နယ်

#ကသာ

#ပြည်သူ့ကာကွယ်ရေး

#မူးယစ်ဆေး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly