မြောက်ဥက္ကလာမြို့နယ်တွင် NLDလက်ထက်က ချပေးထားသည့် ငွေဖြင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများ တည်ဆောက်နေဟုဆို

မြောက်ဥက္ကလာမြို့နယ်တွင် NLDလက်ထက်က ချပေးထားသည့် ငွေဖြင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများ တည်ဆောက်နေဟုဆို

ဇူလိုင် ၉

ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ်အတွင်းရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများ အသစ်ပြန်လည်ဆောက်လုပ်နေခြင်းသည် ယခင် NLD အစိုးရလက်ထက်က ချပေးထားသည့် ငွေများဖြင့် တည်ဆောက်နေခြင်းဖြစ်သည်ဟု သိရသည်။

ယခင်ကရှိနေသည့် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများသည် ဟောင်းနွမ်းပျက်စီးနေ၍ အာဏာသိမ်းပြီးနောက်ပိုင်း အုပ်ချုပ်ရေးမှူးရုံးများအတွင်း မီးပုလင်းပစ်ခံရခြင်း၊ လက်လုပ်ဗုံးများပစ်ခံရခြင်းနှင့် သေနတ်များဖြင့် အလစ်အငိုက်ဝင်ပစ်ခြင်းတို့ကြောင့် အသစ်ပြန်လည်တည်ဆောက်ခြင်းဖြစ်သည်ဟု စစ်ကောင်စီထောက်ခံသူများက ဝါဒဖြန့် ရေးသားထားကြသည်။

''ကျွန်တော်တို့ မြောက်ဥက္ကလာပမှာ ရပ်ကွက် ၁၉ ခုရှိတယ်။ အဲဒီအတွက် ယခင်အစိုးရ NLD လက်ထက်မှာ ရပ်ကွက်ရုံး တစ်ခုအသစ်ပြန်လည်တည်ဆောက်ဖို့အတွက် တစ်ရုံးကို သိန်း၂၀၀ကျပ်နဲ့ ဘတ်ဂျက်ချပေးထားပြီးသားပါ။ ဒါကိုအခုမှဆောက်ကြတာ။အဲဒါကို မသိရင်ဘဲ စစ်အစိုးရ ရပ်ကွက်ရုံးတွေအသစ်ဆောက်ပေးတယ်ဆိုပြီးရေးနေကြတာ''ဟုလည်း ရပ်ကွက်ရုံးနှင့် နီးစပ်သူတစ်ဦး၏ ပြောပြချက်အရ သိရသည်။

လက်ရှိတွင် (ဈ)ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၊(ဇ)ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၊(ည)ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးနှင့် အခြားရပ်ကွက်ရုံးများမှာအသစ်ပြန်လည်တည်ဆောက် ပြီးစီးနေပြီဟုလည်းသိရသည်။

#Mizzima

#ရန်ကုန်တိုင်း

#မြောက်ဥက္ကလာပမြို့နယ်

#ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး

#NLD

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly