ကရင်ပြည်နယ်ရှိ ရက္ခိုင့်တပ်တော်စခန်း ဗုံးကြဲတိုက်ခိုက်ခံရမှု တပ်သား ၆ ဦး ကျဆုံး

ကရင်ပြည်နယ်ရှိ ရက္ခိုင့်တပ်တော်စခန်း ဗုံးကြဲတိုက်ခိုက်ခံရမှု တပ်သား ၆ ဦး ကျဆုံး

ဇူလိုင် ၅

မြန်မာ-ထိုင်းနယ်စပ်၊ KNU တပ်မဟာ(၅)နယ်မြေအတွင်းရှိ ရက္ခိုင့်တပ်တော်(AA) ၏ တပ်စခန်းတစ်ခုကို စစ်ကောင်စီတပ်ဖွဲ့က ရုတ်တရက် လေကြောင်းမှတိုက်ခိုက်မှုကြောင့် တပ်ဖွဲ့ဝင် ခြောက်ဦးကျဆုံးသွား ကြောင်း ယနေ့ ဇူလိုင်လ ၅ ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။

ဇူလိုင်လ ၄ ရက်နေ့ မွန်းလွဲ ၁၂ နာရီ မိနစ် ၃၀ အချိန်တွင် စစ်ကောင်စီတပ်ဖွဲ့က တိုက်လေယာဉ်နှစ်စီးဖြင့် လာရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး AA တပ်ဖွဲ့ဝင် ခြောက်ဦးကျဆုံးသည့်အပြင် ထိခိုက်ဒဏ်ရာရသည့် ရဲဘော်တချို့လည်း ရှိခဲ့သည်။

ကျဆုံး AA တပ်ဖွဲ့ဝင်များမှာ ရသေ့တောင်မြို့နယ်မှ အသက် (၃၁) နှစ်အရွယ် ကိုကျော်ဦးလှိုင်၊ အသက် (၂၉)နှစ်အရွယ် ကိုနေဇော်ဦး၊ ကျောက်တော်မြို့နယ်မှ အသက်(၂၀)အရွယ် ကိုဘိုသန်းကျော်၊ မြေပုံမြို့နယ် မှ အသက်(၂၀)အရွယ် ကိုဇာနည်ဝင်းနှင့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်က အသက် ၂၄ နှစ်အရွယ် ကိုထွန်းထွန်းလင်းတို့ဖြစ်သည်။

ရက္ခိုင့်တပ်တော်(AA)၏ထုတ်ပြန်ချက်အရ စစ်ကောင်စီတပ်မှတိုက်လေယာဉ်နှစ်စီးသည် AA တပ်စခန်း အား မြန်မာနိုင်ငံဘက်ကခြမ်းမှ ဗုံးကြဲတိုက်ခိုက်ပြီးနောက် ထိုင်းနိုင်ငံလေပိုင်နက်ထဲသို့ ဝင်ရောက်ပျံဝဲ ထွက်ခွာသွားကြောင်း ဖော်ပြထားသည်။

ယခုကဲ့သို့ စစ်ကောင်စီတပ်ဖွဲ့၏ ရည်ရွယ်ချက်ရှိရှိတိုက်ခိုက်မှုအပေါ် လိုအပ်သလို လက်တုံ့ပြန်သွားမည် ဖြစ်ကြောင်း ရက္ခိုင့်တပ်တော်(AA)မှပြောခွင့်ရသူ ဦးခိုင်သုခက ရခိုင်အခြေစိုက် Western News သတင်း ဌာနသို့ ပြောဆိုထားသည်။

ရခိုင်ပြည်နယ်တွင်လည်း AA နှင့် စစ်ကောင်စီတပ်ဖွဲ့တို့အကြား ယခုနှစ်ဆန်းပိုင်းမှစ၍ ဆက်ဆံရေးတင်း မာနေပြီး အချိန်မရွေးတိုက်ပွဲဖြစ်ပွားလာနိုင်ခြေရှိကြောင်း ရခိုင်နိုင်ငံရေးလေ့လာသူများကသုံးသပ်ထား သည်။

#Mizzima

#ရက္ခိုင့်တပ်တော်(AA)

#ဗုံးကြဲတိုက်ခိုက်

#ခြောက်ဦးကျဆုံး

#လက်တုံ့ပြန်

#တပ်မဟာ(၅)နယ်မြေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required