ထီးလင်းမှ မင်းတပ်ဘက်ခြမ်းသို့ တက်လာသည့် စစ်ကောင်စီတပ်များနှင့် CDF( မင်းတပ်)တို့ ထိတွေ့မှု ဖြစ်နေ

ထီးလင်းမှ မင်းတပ်ဘက်ခြမ်းသို့ တက်လာသည့် စစ်ကောင်စီတပ်များနှင့် CDF( မင်းတပ်)တို့ ထိတွေ့မှု ဖြစ်နေ

ဇွန် ၂၉

မကွေးတိုင်း ထီးလင်းဘက်ခြမ်းမှ မင်းတပ်တိုက်နယ် (၁)ဘက်ခြမ်းသို့စစ်ကြောင်းတက်လာသည့် စစ်ကောင်စီတပ်များနှင့် ပလုံတွီလမ်းတွင်တိုက် ပွဲဖြစ်ပွားနေပြီး ၊ရွှေအောင်သာဘက်ခြမ်းမှလည်း မင်းတပ်ဘက်သို့ စစ်ကောင်စီတပ်များ စတင်ထွက်ခွာလာနေသည်ဟု မြေပြင်ရှိ သတင်းရင်းမြစ်များထံမှ သိရသည်။

ယနေ့နံနက် ၉နာရီအချိန်မှစတင်ပြီး ထီးလင်းမြို့နယ်ဘက်မှ မင်းတပ်ဘက်သို့ တက်လာသည့် စစ်ကောင်စီများ နှင့် ပလုမ်တွီ ဘက်ခြမ်းတွင် ကင်းစောင့်လျက်ရှိသည့် CDF (မင်းတပ်) တို့ ထိတွေ့ မှုဖြစ်နေပြီး ယခုချိန်ထိ တိုက်ပွဲဖြစ်ပွားလျက်ရှိနေကြောင်း သိရသည်။

တစ်ချိန်တည်းတွင် အင်အာ ၉၆ဦး ခန့်ရှိသည့် စစ်ကောင်စီတပ်နှင့် YDF အဖွဲ့ ပလုံတွီနှင့် ထလင်းရွာကြား မင်းတုန်းဇရပ်အနီး ထိတွေ့တိုက်ပွဲဖြစ်နေသည်ဟုလည်း တိုက်နယ်အမှတ်(၁)သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ထုတ်ပြန်ထားရှိသည်။

လက်ရှိတွင် ရွှေအောင်သာအနီး စကစစစ်ကြောင်း၊ အောင်းနှင့်ထီးလင်းကြား စကစစစ်ကြောင်း၊ ထီးလင်း ရောက်နေသည့် စကစစစ်ကြောင်း စစ်ကြောင်း သုံးခုရှိနေပြီး စစ်ကြောင်းတစ်ကြောင်းတွင်မူ ပြည်ခိုင်ဖြိုးတီရှပ်၊ NLD တီရှပ်များနှင့် YDF/PDF ဝတ်စုံများ ဝတ်ဆင်ထားကြသည်ဟုလည်း သိရသည်။

ဒီအပြင် မင်းတပ်မြို့ပေါ်ရှိ နယ်မြေခံတပ်ရင်း (၂၇၄)မှ လက်နက်ကြီးများဖြင့် တိုက်နယ် အမှတ်(၄)ဘက်သို့ပစ်ကူပေးနေပြီး လက်နက်ကြီးကျည်ဆန်ကြောင့် မဒပ်ကျေးရွာမှ ယခင်က ခြေထောက်ပြတ်ခဲ့သည့် ကလေးငယ်၏ အကိုဖြစ်သူ လက်နက်ကြီး ထိမှန်ကြောင်း သိရသည်။

ဓာတ်ပုံ - ပုံအဟောင်း

#mizzima

#မင်းတပ်မြို့

#ထီးလင်းဘက်ခြမ်း

#ထိတွေ့တိုက်ပွဲ

#လက်နက်ကြီးကျည်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required