ရခိုင်ပြည်နယ်တွင် စစ်ကောင်စီ၏ရေတပ်က ရေလမ်းကြောင်းများ၌ နေရာယူထားခြင်းကြောင့် ဒေသခံ များ စားဝတ်နေရေးနှင့် ကျန်းမာရေးကိစ္စများ ခက်ခဲလာ

ရခိုင်ပြည်နယ်တွင် စစ်ကောင်စီ၏ရေတပ်က ရေလမ်းကြောင်းများ၌ နေရာယူထားခြင်းကြောင့် ဒေသခံ များ စားဝတ်နေရေးနှင့် ကျန်းမာရေးကိစ္စများ ခက်ခဲလာ

ဇွန် ၂၈

ရခိုင်ပြည်နယ်ရှိ စစ်တွေ၊ ပုဏ္ဏားကျွန်း၊ ပေါက်တော၊ မြောက်ဦး၊ မင်းပြား၊ ကျောက်တော်စသည့် ဒေသများ၏ရေလမ်းများကြောင်း၌ စစ်ကောင်စီရေတပ်မှ စစ်ရေယာဉ်များဖြင့်နေရာယူပြီး ဖြတ်သန်း သွားလာနေသူများအား စစ်ဆေးမေးမြန်းနေခြင်းကြောင့် ဒေသခံများ၏ စားဝတ်နေရေးနှင့် ကျန်းမာရေး ကိစ္စများ ခက်ခဲလာကြောင်း ပြောဆိုကြသည်။

ပုဏ္ဏားကျွန်း၊ ပေါက်တော၊ မြောက်ဦး၊ မင်းပြား စသည့်မြို့နယ်များမှဒေသခံများမှာ စစ်တွေမြို့သို့ ကျန်း မာရေးနှင့် စီးပွားရေးလုပ်ငန်းများအတွက် ရေလမ်းခရီးမှသွားရောက်ရာတွင် အခက်အခဲများကြုံနေရ ကြောင်းဆိုကြသည်။

ပြီးခဲ့သည့် ဇွန်လ ၂၆ ရက်နေ့က ပုဏ္ဏားကျွန်းမြို့နယ် နတ်ဆိတ်ကျေးရွာမှ အမျိုးသမီးတစ်ဦးမှာ အသည်း အသန်ဖြစ်နေသော်လည်း ရေလမ်းခရီးအား ဖြတ်သန်းမသွားလာရဲသည့်အတွက် အသက်သေဆုံးခဲ့ရ ကြောင်း နတ်ဆိတ်ကျေးရွာသားတစ်ဦးကပြောသည်။

“ နတ်ဆိတ်ကျေးရွာမှာ အမျိုးသမီးတစ်ဦး ပြီးခဲ့တဲ့ရက်ပိုင်းက အသည်းအသန်နေမကောင်းဖြစ်တယ်။ ဆေးရုံပို့ဖို့ မိသားစုကအကူအညီတောင်းတော့ ရွာသားတွေက စစ်သားတွေကိုကြောက်လို့ မသွားရဲကြ ဘူး။ မိုးလင်းမှ ပုဏ္ဏားကျွန်းဆေးရုံပို့ရတော့ အသက်မမှီလိုက်တော့ဘူး။ ဆေးမမှီလိုက်ဘူးဖြစ်သွားတယ်” ဟု ၎င်းက ဆိုသည်။

ပြီးခဲ့သည့် ၂၀၁၉ နှစ်ကလည်း ရေလမ်းခရီးဖြင့်သွားလာသူများကို စစ်ကောင်စီတပ်သားများက သေနတ် ဖြင့်ပစ်ခတ်၍ သေဆုံးသူများ ရှိခဲ့သည်။

စစ်ကောင်စီတပ်သားများမှာ လက်ရှိတွင် ရခိုင်ပြည်နယ်အတွင်း မြို့ရွာများရှိ လူသွားလူလာများပြားသည့် နေရာများတွင် စစ်ဆေးမှုများလုပ်နေခြင်းမှာ ဒေသခံများကို အကြောက်တရားလွှမ်းမိုးအောင်လုပ်ဆောင် နေခြင်းဖြစ်ကြောင်း လူမှုရေးလှုပ်ရှားနေသူတစ်ဦးက ဆိုသည်။

“စစ်သားတွေက နေ့စဉ်နှင့်အမျှ မြို့ထဲရွာထဲမှာ သွားလာနေကြတယ်။ လူသွားလူလာများတဲ့နေရာတွေမှာ သူတို့ မထင်ရင်မထင်သလို စစ်ဆေးမေးမြန်းတာတွေရှိတယ်။ အဲဒါတွေကြောင့် ပြည်သူတွေက အကြောက်ကြီးပြီး မသွားရဲ မလာရဲတာတွေ ရှိပါတယ် ” ဟု ၎င်းက ဆိုသည်။

ယင်းအပြင် စက်လှေနှင့်ရေယာဉ်များကိုလည်း အစစ်အဆေးများပြားသည့်အတွက် ဒေသခံများသွားလာမှု နည်းသွားသည်ဟု ပေါက်တောမြို့နယ်မှ ရေယာဉ်ပိုင်ရှင်တစ်ဦးကပြောသည်။

“သူတို့က ငပီးကျွန်းနားမှာ ရေတပ်တစ်ခုချထားတယ်။ အဲဒီ ရေတပ်ကနေ ဘုတ်(ရေယာဉ်)ကပ်ခိုင်းပြီး စစ်ဆေးမှုတွေ တအားလုပ်တယ်။ အမျိုးသမီးတွေကိုလည်း စစ်ဆေးတာတွေ၊ မေးမြန်းတာတွေလုပ်လာ တယ်။ တနေ့ကဆိုရင် ဘုတ်စီးလာတဲ့အမျိုးသမီးတွေကို ကိုယ်ထိလက်ရောက် စစ်ဆေးတာတောင်ရှိသေး တယ်။ ဆိုတော့ သူတို့လည်း စိုးရိမ်တာပေါ့၊ အခုက ခရီးသည်တွေ နည်းသွားတယ် ” ဟု ၎င်းကဆိုသည်။

ယခုကဲ့သို့ စစ်ကောင်စီရေတပ်မှ စစ်ဆေးမေးမြန်းမှုများပြုလုပ်နေခြင်းမျာကြောင့် ဒေသခံများ၏ စား ဝတ်နေရေး၊ ကျန်းမာရေးကိစ္စများအား ပိုမိုခက်ခဲစေကြောင်း ပြောဆိုကြသည်။

#Mizzima

#ရခိုင်ပြည်နယ်

#စစ်ကောင်စီရေတပ်

#စစ်ဆေးမေးမြန်း

#အကြောက်တရား

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly