ပွင့်ဖြူ PDF ၁၂ ဦးကျဆုံးကာ ၃ ဦးအဖမ်းခံရမှုတွင် အဓိကလက်သည်စစ်ကောင်စီတပ်ဘက်ကတပ်မှူး

ပွင့်ဖြူ PDF ၁၂ ဦးကျဆုံးကာ ၃ ဦးအဖမ်းခံရမှုတွင် အဓိကလက်သည်စစ်ကောင်စီတပ်ဘက်ကတပ်မှူး

ဇွန် ၂၂

ပွင့်ဖြူမြို့နယ်အတွင်း ပြည်သူ့ကာကွယ်ရေးတပ်သား ၁၂ ဦးကျဆုံးကာ သုံးဦးအဖမ်းခံခဲ့ရသော အဖြစ်အပျက်တွင် အဓိကလက်သည်မှာ စစ်ကောင်စီတပ်မှ ဗိုလ်မှူးမင်းပိုင်စိုးဖြစ်သည်။

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၊ ပုသိမ်-မုံရွာလမ်းပေါ်ရှိ မဲဇလီတံတားတွင် PDF များလိုက်ပါသော ကုန်တင်ထရပ်ကားကို စစ်ကောင်စီတပ်မှ ဗိုလ်မှူးမင်းပိုင်စိုးဦးဆောင်သောအဖွဲ့က စစ်ဆေးရာက တိုက်ပွဲဖြစ်ပွားခဲ့ရာက ယာဉ်မှာ ပေါက်ကွဲမှုဖြစ်ကာ ကားပေါ်ပါ PDF တစ်ဒါဇင်ကျဆုံးကာ သုံးဦးမှာ ဒဏ်ရာရပြီး အဖမ်းခံခဲ့ရသည်။

ဒဏ်ရာရ PDF နှစ်ဦးမှာ အသက်အန္တရာယ်စိုးရိမ်ရပြီး ကာကွယ်ရေးတပ်ဘက်မှလက်နက်များလည်း ဆုံးရှုံးခဲ့ရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly