အချုပ်ထောင်တွင် တပ်စွဲထားသော စစ်ကောင်စီတပ်ဘက်ကို KIA က လက်နက်ကြီးများဖြင့်ပစ်ခတ်

အချုပ်ထောင်တွင် တပ်စွဲထားသော စစ်ကောင်စီတပ်ဘက်ကို KIA က လက်နက်ကြီးများဖြင့်ပစ်ခတ်

ဇွန် ၂၂

ဖားကန့်အချုပ်ထောင် စစ်ကောင်စီတပ်များကို ကချင်လွတ်မြောက်ရေးတပ် (KIA)နှင့်မဟာမိတ်တပ်များက ယနေ့နံနက်အာရုဏ်မတက်မီက လက်နက်ကြီးများဖြင့်ပစ်ခတ်မှုဖြစ်ပွားခဲ့သည်။

ကချင်ပြည်နယ် ဖားကန့်မြို့နယ်လုံးခင်းအုပ်စု၊ မဇွပ်ယန်ကျေးရွာရှိ အချုပ်ထောင်သို့ နံနက် ၄ နာရီခန့်က လက်နက်ကြီး အလုံး ၂၀ ခန့် ပစ်ခတ်ခံရသည်။ဥရုချောင်းတစ်ဖက်မှာရှိသည့် တောင်ကုန်းနှင့် မဇွပ်ယန် မနောကွင်းအနားရှိ နေရာ (၂)မှ KIA ဦးဆောင်သည့် ဖားကန့်ပြည်သူ့ကာကွယ်ရေး PDF ပူးပေါင်းအဖွဲ့က ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု မဇ္ဈိမက စုံစမ်းသိရှိရသည်။

ပစ်ခတ်မှုကြောင့် ဖားကန့်အချုပ်ထောင်မှ အဆောက်အဦးအချို့ ပျက်စီးခဲ့ကြောင်း အကျဉ်းဦးစီးနှင့် နီးစပ်သူ သတင်းရင်းမြစ်တစ်ဦးကပြောသည်။

ဇွန်လ ၁၉ ရက်နေ့က မှော်ပုံကျေးရွာဘက်ရှိ ပြည်သူများနေထိုင်ရာ မှော်ပုံ လမ်းသွယ် (၉) နှင့် စိမ်းလဲ့အောင်ကျောက်ဖြတ်ခုံအနီးသို့ ဖားကန့်အချုပ်ထောင်ဘက်က လက်နက်ကြီးရမ်းသမ်းပစ်ခတ်ခဲ့သည့်အတွက် ဒေသခံ ပြည်သူ သုံးဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီးနောက် ယခုကဲ့သို့ လက်တုံ့ပြန်မှုဖြစ်ပေါ်လာခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required