ဖောင်းပြင်မြို့နယ်တွင် ကင်းလှည့်နေသောစစ်ကောင်စီစစ်ကြောင်း မိုင်းနင်းမိ၍ ၅ ဦး သေဆုံး

ဖောင်းပြင်မြို့နယ်တွင် ကင်းလှည့်နေသောစစ်ကောင်စီစစ်ကြောင်း မိုင်းနင်းမိ၍ ၅ ဦး သေဆုံး

ဇွန် ၂၀

စစ်ကိုင်းတိုင်း၊ မော်လိုက်ခရိုင်၊ ဖောင်းပြင်မြို့နယ်အတွင်း စစ်ကောင်စီတပ်မှကင်းလှည့်နေစဉ် ကာကွယ် ရေးတပ်ဖွဲ့မှ ထောင်ထားသောမိုင်းနင်းမိ၍ ငါးဦးသေဆုံးခဲ့ကြောင်း သိရသည်။

ဇွန်လ ၁၈ ရက် ညနေ ၃ နာရီ အချိန်ခန့်တွင် ဖောင်းပြင်မြို့နှင့် ၁၂ မိုင် ခန့်ကွာဝေးသော ကိုးတန်ချောင်း တောင်ရိုးအရောက် မိုင်းနင်းမိခဲ့ခြင်းဖြစ်သည်။

“ကျွန်တော်တို့ထောင်ထားတဲ့ မိုင်းကိုသူတို့က နင်းမိသွားတာ၊ နောက်နေ့မှ အဲဒီနေရာကို သွားပြန်စစ်ဆေး ကြည့်တာ။ အလောင်းတွေတော့ မရလိုက်ဘူး။ ဦးထုတ်တစ်လုံးတော့ ရလိုက်တယ်” ဟု ဖောင်းပြင် PDF အဖွဲ့တာဝန်ရှိသူက ပြောသည်။

အင်အား ၃၀ ခန့်ဖြင့် ဖောင်းပြင် ၃၆၇၊ ၃၆၈ တပ်ရင်းမှထွက်ခွာလာပြီး ကင်းလှည့်နေသည့် စစ်ကောင်စီ တပ် မိုင်းမိခဲ့ခြင်းဖြစ်ကာ ပေါက်ကွဲမှုကြောင့် ငါးဦးခန့်သေဆုံးခဲ့သည်ဟု ဖောင်းပြင် PDF မှဆိုသည်။

#Mizzima

#စစ်ကိုင်းတိုင်း

#ဖောင်းပြင်မြို့နယ်

#မော်လိုက်ခရိုင်

#မိုင်းနင်းမိ

#စစ်ကောင်စီတပ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly