NUG အလုပ်သမားဝန်ကြီးဌာန၏ ညှိနှိုင်းပေးမှုဖြင့်ကိုရီးယားတွင် အဖမ်းခံရသည့် ဗီဇာမဲ့ မြန်မာလုပ်သားများ ပြန်လွတ်

NUG အလုပ်သမားဝန်ကြီးဌာန၏ ညှိနှိုင်းပေးမှုဖြင့်ကိုရီးယားတွင် အဖမ်းခံရသည့် ဗီဇာမဲ့ မြန်မာလုပ်သားများ ပြန်လွတ်
ဓာတ်ပုံ- မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းခြင်းကို ဆန့်ကျင်သော ကိုရီးယောက်မြန်မာများ၏ ယမန်နှစ် မတ်လ ၂၇ ရက်နေ့က ဆန္ဒပြမှု AFP

ဇွန် ၁၁

အမျိုးသားညီညွတ်ရေးအစိုးရ၏ အလုပ်သမားဝန်ကြီးဌာန၏ ညှိနှိုင်းပေးမှုဖြင့် ကိုရီးယားတွင် အဖမ်းခံရသည့် ဗီဇာမဲ့ မြန်မာလုပ်သားသုံးဦး ပြန်လည်လွတ်မြောက်ခဲ့ကြောင်း NUG အလုပ်သမားဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။

ကိုရီးယားနိုင်ငံ၊ ဒယ်ဂျွန်းမြို့တွင် နေထိုင်‌လုပ်ကိုင်နေသော ဗီဇာမဲ့ မြန်မာနိုင်ငံသား သုံးဦးမှာ တရားမ၀င်နေထိုင်မှုဖြင့် ကိုရီးယားလူဝင်မှုကြီးကြပ်ရေးဌာနက ဖမ်းဆီးထိန်းသိမ်းခဲ့ခြင်းဖြစ်သည်။

ဖမ်းဆီးခံရသူများအတွက်ကူညီပေးရန် ကိုရီးယားနိုင်ငံရှိ မြန်မာရွှေ့ပြောင်းအလုပ်သမားရေးရာကော်မတီ (ကိုရီးယား)မှတစ်ဆင့် မြန်မာကိုယ်စားလှယ်ရုံးထံ ဆက်သွယ်အကူအညီတောင်းခံလာသဖြင့် လုပ်ဆောင်ပေးခဲ့ခြင်းဖြစ်သည်ဟုNUG အလုပ်သမားဝန်ကြီးဌာနက ဆိုသည်။

ဖြစ်စဥ်နှင့်ပတ်သက်ပြီး ကိုရီးယားရှိ NUG မြန်မာကိုယ်စားလှယ်ရုံး အလုပ်သမားဝန်ကြီးဌာန၏ အလုပ်သမားရေးရာ တာဝန်ခံကိုယ်စားလှယ် ဦးမျိုးဟိန်းက ဇွန် ၉ ရက်တွင် ဒယ်ဂျွန်း လ၀ကသို့ သွားရောက်၍ မြန်မာနိုင်ငံသားသုံးဦး ပြန်လည်လွတ်မြောက်ရေးအတွက် တာ၀န်ခံအရာရှိနှင့် တွေ့ဆုံညှိနှိုင်းခဲ့သည်ဟု NUG ကဆိုသည်။

လက်ရှိအချိန်တွင် ဗီဇာမဲ့မြန်မာနိုင်ငံသားများအား အတင်းအကြပ် ဖမ်းဆီးထိန်းသိမ်းခြင်း၊ ပြန်ပို့ခြင်းမပြုလုပ်ရေး၊ အထောက်ထားခိုင်လုံမှုရှိပါက ဆက်လက်နေထိုင်လုပ်ကိုင်ခွင့်/ ခုံလှုံခွင့် လျှောက်ထားနိုင်ရေး အကြိမ်ကြိမ်ညှိနှိုင်းခဲ့ပြီးနောက် အဆိုပါမြန်မာနိုင်ငံသား သုံးဦး ပြန်လည်လွတ်မြောက်ရေး ကူညီဆောင်ရွက်ပေးခဲ့သည်ဟု NUG အလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန်သည်။

ကိုရီးယားနိုင်ငံရောက် မြန်မာအလုပ်သမားများအနေဖြင့် အခက်အခဲ၊ ပြဿနာ တစ်စုံတစ်ရာ ပေါ်ပေါက်ပါက NUG မြန်မာကိုယ်စားလှယ်ရုံး၊ အလုပ်သမားရေးရာ တာဝန်ခံ ကိုယ်စားလှယ် ဦးမျိုးဟိန်း (ဖုန်း 032-503-2022 (10AM~6PM/ FRI & SAT OFF) နှင့် မြန်မာရွှေ့ပြောင်းအလုပ်သမားရေးရာ ကော်မတီ (ကိုရီးယား)ထံ ဆက်သွယ်အကူအညီတောင်းခံနိုင်ပါကြောင်း NUG ကထုတ်ပြန်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly