ထားဝယ်-ထီးခီးလမ်းပိုင်း ဖြတ်သန်းသွားလာခွင့် အကန့်သတ်မရှိပိတ်လိုက်ကြောင်း PDF ထုတ်ပြန်

By ကိုရွှေမြိတ်
10 June 2022
ထားဝယ်-ထီးခီးလမ်းပိုင်း ဖြတ်သန်းသွားလာခွင့် အကန့်သတ်မရှိပိတ်လိုက်ကြောင်း PDF ထုတ်ပြန်

ထားဝယ်၊ဇွန်လ(၁၀)

ထိုင်း-မြန်မာနယ်စပ်သို့သွားလာသည့် ထားဝယ်-ထီးခီးလမ်းပိုင်းကို ဇွန်လ ၁၁ ရက်နေ့မှစတင်ကာ လုံး၀ အသုံးပြုခွင့်မရှိ ပိတ်မည်ဖြစ်ကြောင်း Eastern Defense Force EDF အဖွဲ့က ယနေ့ ဇွန်လ ၁၀ ရက်နေ့ တွင် ထုတ်ပြန်ထားကြောင်း သိရသည်။

ထားဝယ်-ထီးခီးလမ်းပိုင်း မေတ္တာမြို့ ၀ကုန်းကျေးရွာရှိ ၂၃ မိုင် စစ်ဆေးရေးဂိတ်တွင် ဇွန်လ ၉ ရက်နေ့ ညနေ ၃ နာရီခန့်တွင် ထားဝယ်ဘက်မှဆင်းလာသော စစ်ကောင်စီလက်အောက်ခံရဲတပ်ဖွဲ့၏ ထောက် လှမ်းရေးတပ်ဖွဲ့(SB)က အရပ်ဝတ်ဖြင့် အိမ်စီးကားနှင့်ရောက်လာစဉ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ စစ် ဆေးရန်တားဆီးစဉ် ပစ်ခတ်မှုကြောင့် PDF ရဲဘော် နှစ်ဦး ကျဆုံးကာ တစ်ဦးထိခိုက် ဒဏ်ရာရရှိခဲ့သည်ဟု EDF အဖွဲ့က ထုတ်ပြန်ချက်တွင် ဖော်ပြထား သည်။

ထိုကြောင့် အဆိုပါလမ်းပိုင်း၌ ထိုင်းနိုင်ငံကို သွားရောက်မည့်ကားများကို ထားဝယ်-ထီးခီးလမ်း အသုံးပြု ခွင့် အကန့်အသတ်မရှိပိတ်ပင်လိုက်ကြောင်း ခရီးသွားပြည်သူများအား သတိပေးထုတ်ပြန်လိုက်ခြင်းဖြစ် သည်။

စစ်ရေးတင်းမာလာနိုင်သည့် ယင်းလမ်းပိုင်းတွင် စစ်ကောင်စီတပ်ဖွဲ့က အရပ်သားကားများနှင့် ခရီးသွား အသွင်ယူကာ လာရောက်နိုင်သည့်အတွက် သတိပေးပိတ်ရခြင်းဖြစ်ကြောင်း Eastern Defense Force (EDF) အဖွဲ့မှ ထုတ်ပြန်ထားသည်။

#Mizzima

#တနင်္သာရီတိုင်း

#ထားဝယ်-ထီးခီးလမ်း

#အသုံးပြုခွင့်ပိတ်

#EasternDefenseForce(EDF)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly