မြောင်းမြမြို့နယ်ရှိ စျေးဆိုင်၊ စားသောက်ဆိုင်များတွင် CCTV များတပ်ဆင်ရန် ညွှန်ကြား

မြောင်းမြမြို့နယ်ရှိ စျေးဆိုင်၊ စားသောက်ဆိုင်များတွင် CCTV များတပ်ဆင်ရန် ညွှန်ကြား

ဇွန် ၈

ဧရာဝတီတိုင်း၊ မြောင်းမြမြို့နယ်အတွင်းရှိ စားသောက်ဆိုင်၊ ကုန်စုံဆိုင်၊ အိမ်ဆောက်ပစ္စည်းဆိုင် အပါအဝင် စျေးဆိုင်အားလုံးတွင် CCTVများ တပ်ဆင်ထားရန် စစ်ကောင်စီလက်အောက်ခံ စည်ပင်သာယာရေးအဖွဲ့က ညွှန်ကြားစာတစ်စောင် ထုတ်ပြန်ခဲ့သည်။

ခိုးဝှက်မှု၊ လုယက်မှုကိစ္စများ ဖြစ်ပွားနေပြီး လုံခြုံရေးဆိုင်ရာ ကိစ္စများနှင့် အခင်းဖြစ်စဉ်များကို ပြန်လည်ကြည့်ရှု့ မှတ်တမ်းတင်နိုင်ရန်အတွက် တပ်ဆင်ရန် ညွှန်ကြားခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

“မနေ့က စာရောက်တယ်။ CCTVတွေ တပ်ရမယ် ။ တပ်ထားမထားလည်း လာစစ်မယ်တဲ့။ သူတို့အကြောင်းပြတာက ခိုးဝှက် ဓားပြတိုက်တာတွေ ဖြစ်နေလို့ တပ်ထားရမယ် ။ ဖြစ်လာရင် ပြန်စစ်ရအောင်တဲ့။ ခိုးဝှက် ဓားပြတိုက်တာက သူတို့လက်ထက်မှ ပိုဆိုးလာတာ၊ CCTV တပ်ရအောင်လည်း မီးက လာတာကျနေတာပဲ။ အမြဲလိုလိုပျက်နေပြီးတော့”ဟု မြောင်းမြမြို့ခံတစ်ဦးက ပြောသည်။

မြောင်းမြမြို့တွင် မော်တော်ဆိုင်ကယ် ပျောက်ဆုံးမှုအပါအဝင် နေအိမ် စျေးဆိုင်ခန်းများ ဖောက်ထွင်း ခိုးယူခံရသည့် ဖြစ်စဉ်များမှာ တစ်ပတ်လျှင် သုံးကြိမ်ထက်မနည်း ဖြစ်ပေါ်နေပြီး တရားခံများ ဖမ်းဆီးမိသည့် ဖြစ်စဉ်မရှိသလောက် နည်းပါးနေသည်ဟု သိရသည်။

#ဧရာဝတီတိုင်း

#မြောင်းမြမြို့နယ်

#ကုန်စုံဆိုင်

#စားသောက်ဆိုင်

#CCTV

#စည်ပင်သာယာရေး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly